White Elephant Paper စက္ကူဆင်ဖြူတော်

ဘုရင်တွေလက်ထက်က တန်ဖိုးထားခဲ့တဲ့ ဆင်ဖြူတော်ကို စစ်အစိုးရခေတ်မှာ တန်ဘိုးဖျက်တယ်။ အဲတာကို အမြင်ကပ်လို့ Chikungunya ကို ဆင်ဖြူတော်တုပ်ကွေးဆိုပြီး စာတပုဒ်ရေးလိုက်တယ်။

Chikungunya ဆင်ဖြူတော် တုပ်ကွေး http://dts-medicaleducation.blogspot.com/…/10/chikungunya.h…

Paper tiger စက္ကူကျားဆိုတာ စစ်အေးခေတ်မှာ တရုပ်ခေါင်းဆောင် မော်စီတုန်းကနေ အနောက်အုပ်စုကို တန်ပြန်ရာမှာ သုံးခဲ့တဲ့စကားလုံး ဖြစ်တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မြန်မာဆင်ဖြူတော်ငွေစက္ကူက ပြောစမှတ် ရှိလာပြန်ပြီ။ ဆင်ဖြူတော်ပုံပါတဲ့ ၅ဝဝဝ တန် ငွေစက္ကူကို တရုပ်ကနေ အတုတွေလုပ်တဲ့သတင်းထွက်တယ်။ ဆင်ကြံကြံသူတွေခေတ် မြန်မြန်ကုန်ပါစေသတည်း။

ဆင်
ဆင့်ပါးစပ် နှမ်းပက်
ဆင်ကမှာ ကျောက်ဆည် နာမည်ကြီးတယ်
ဆင်ကျီစားရာ ဆိတ်မခံသာ
ဆင်စွယ်မှန် ပိုးမစား
ဆင်ဆာဖြတ်သည်
ဆင်တုံးမနွယ်
ဆင်တူယိုးမှား
ဆင်တူဝတ်ထားကြသည်
ဆင်ဒီကိတ်
ဆင်နားရွက်တံခါး
ဆင်ပိန်တော့ ကျွဲ
ဆင်ဖိုးထက် ချွန်းဖိုးကကြီး
ဆင်ကြံကြံ
ဆင်ခြင်စူးစမ်းသည်
ဆင်ခြင်တုံတရား
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့
ဆင်ဖြူတော်မှီပြီး ကြံစုပ်
ဆင်မြန်း
ဆင်ရာတိမ်မိုး
ဆင်လိမ် (ငါးဖမ်းမြှုံး)
ဆင်ဝင်
ဆင်ဝန်မင်း
ဆင်သတ္တဝါ
ဆင်သွားရင် လမ်းဖြစ်
ဆင်အံငှက်ပျော
ဆင်ဦးစီး
ဆင်ချေးတုံးဆပ်ပြာ
ဆင်ခြေကန်
ဆင်ခြေဆင်လက်
ဆင်ခြေဖုံး
ဆင်ခြေလဲ
ဆင်ခြေထောက်
ဆင်ခြေလျှော
ဆင်ပြောင်ကြီး အမြီးကျမှတစ်
ဆင်ဝှေ့ရန်ရှောင်
ဆင်သေကို ဆိတ်သားရေနဲ့မဖုံးနဲ့
ဆင်နွှဲသည်
တန်းဆာဆင်သည်
ငြမ်းဆင်သည်
လယ်ပြင်မှာ ဆင်သွားသလို
အဆင်သင့်
အဆင်ပြေ
အမှုဆင်သည်

စင်နဲ့ ဆင် မှားရေးသူတွေကများတယ်။ နာဠာဂီရိဆင်ကြီးနဲ့ ဆန္ဒန်ဆင်မင်းတို့ကိုတော့ စင်မင်းလို့ မရေးကြကောင်းပါရဲ့။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၄
၁၆-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး