မြန်မာစာ ဘီးပေါက် ဖာကြရအောင်

အလုပ် အလွန်များသူ

ကိုမောင်ချိုသည် နေထန်းတဖျားခန့် မြင့်နေပြီဖြစ်သော်လည်း အချိန်ဘယ်လောက်ရှိပြီလဲ မော်မကြည့်အားသေးပေ။ အပေါက်ကတရာ အဖာကဗလဗြစ်နှင့် မဲညစ်နေသော သူ့စက်ဘီးတာယာ လေလုံးဖြင့်သာ အလုပ်များလျက်ရှိသည်။

ဒေါက်ဂွမင်းသားစက်ဘီးကို နွားသောက်သော ထန်းပင်မြစ်ဆုံရေစည်တွင် မှီလျက် နောက်တာယာလေလုံးကိုထုတ်ကာ ရေအင်တုံပဲ့တခု၊ ကကတ်ကျေးတလက်၊ တံစဉ်းတချောင်း၊ ကော်ရည်တခွက်၊ လေထိုးပိုက်တလုံးနှင့် နံနက်မိုးမလင်းမီကပင် သူထ၍ဖာခဲ့သည်။ မီးခွက်သည် မီးငြိမ်း၍ပြီးသော်လည်း သူ့အနီးမှာ ရှိနေသေးသည်။

နေထန်းတဖျားခန့်၊ အပေါက်ကတရာ၊ ရေအင်တုံပဲ့တခု၊ ကကတ်ကျေးတလက်၊ တံစဉ်းတချောင်း၊ ကော်ရည်တခွက်၊ လေထိုးပိုက်တလုံးနှင့်တွေမှာ တစ်တွေနဲ့ရေးရင် စာရေးတဲ့သူတွေပါ အလုပ် အလွန်များသူတွေဖြစ်ပါလိမ့်မယ်။

ရေအင်တုံပဲ့တစ်ခု၊ ကကတ်ကျေးတစ်လက်၊ တံစဉ်းတစ်ချောင်း၊ ကော်ရည်တစ်ခွက်၊ လေထိုးပိုက်တစ်လုံးလို့ ရေးခိုင်းနေတယ်။ မြန်မာစာ ဘီးပေါက် ဖာကြရအောင်။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး