ပျက်အစဉ် ပြင်ခဏ

မေးခွင့်ပြုပါဆရာ မိခင်တစ်ဦးမှပထမဦးဆုံးဖွားမြင်တဲ့ကလေးကို ဘယ်လိုခေါ်ပါသလည်းဆရာ (သားဦး) (သက်ဦး) (တစ်ဦး) ဘယ်ဟာအမှန်ခေါ်ပါလည်းဆရာ

သားဦးလို့ ရေးရပါတယ်။။

မေးခွန်းတွေမှာ သားဦးကို သက်ဦး၊ တစ်ဦးလို့ရေးတာနဲ့ ကလေးကို ခလေးလို့ရေးတာ နှစ်မျိုးကတော့ နည်းလာပြီ။ ပြီ ရေးရမှာကို ပီလို့ကတော့ အတော်ရေးနေကြတုန်းပဲ။ ပြီးလို့ရေးရမှာကိုလည်း ပီးလို့ရေးကြတုန်းပဲ။ ဖြစ်ကိုလည်း ဖစ်လို့ မှားရေးကြတုန်းပဲ။ ဒဏ်နဲ့ အနာဂတ်တွေ နည်းနည်းတော့ လျှော့လာပြီ။ မှုနဲ့ ပြည့်စုံနေတာကို မှု့လို့ရေးသူတွေ သတိထားစေချင်တယ်။

ပျက်အစဉ် ပြင်ခဏ ဆိုစကားကို ငယ်ငယ်ကတည်းက ကာတွန်းနဲ့အသိပညာပေးခဲ့တာကို ခုထိမျက်စိထဲမှာ မြင်နေပါတယ်။

Permanent Error ထာဝရအမှားဆိုတဲ့ Pieter Hugo ပီတာ ဟူးဂိုးရဲ့ ဓါတ်ပုံစာအုပ်ဟာ ဆုရတဲ့စာအုပ်ဖြစ်တယ်။ ဂါနာမှာ အဆိပ်အတောက်တွေကြောင့် ပြန်ပြင်လို့မရတော့တဲ့ပျက်စီးခြင်းကိန်းကြီးဆိုက်ခဲ့ရတာတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

သတ်ပုံတွေကိုထောက်ပြနေတာ ၄-၅ နှစ်ရှိပြီ။ တကို မလိုအပ်ပဲ တစ်လုပ်တာက မှားနေလို့ပြင်တာ မဟုတ်ပါ။ ပလီတာဖြစ်တယ်။ ပြင်ပြင်လာကြလို့ အားတက်တယ်။ ပြင်လို့မရတဲ့အမှားဘဝ မရောက်ကြရအောင် ပြင်ကြပါစို့။ မြန်မာစာ ဂါနာလိုမဖြစ်ပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး