ဝေးပြီမွှေးရေ

ရေး - မြတ်လေး
ဆို - မောင်မောင်ကြီး

ကျောချင်းကပ်၍ တရွေ့ရွေ့ခွါ တကမ္ဘာဆီ၊ ဝေးပြီ မွှေးရယ်။

ဖုန်းချစ်ရနည်းတယ်၊ ခုမှ လူ့ဘဝ ရေလည်၊ ပြုသမျှတွေ့မယ်၊ အဖြေပေါ်တယ်၊ တယုတယချစ်ကြိုးသွယ်၊ သမုဒယ အဖြစ်ဆိုးတယ်၊ ရေနစ်သူဝါးကူထိုးသည့်နှယ်၊ အမုန်းခံလူစား အပယ်ခံဘဝနဲ့ကွယ်၊ အဆွေးခြယ် ဆေးချက်မပြယ် အဝေးနယ် ပြေးထွက်ကာရယ် သည်နောင်တ ရင်ဝယ်ဆောင်လို့သယ် တွေးမိတိုင်း မျက်ရည်လည်

(ပန်းကြွေသောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်အသဲဘယ့်နှယ်ရှိမယ် မွှေ့း့ ရယ် လေတိုက်သောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်ဘဝ ဘယ့်နှယ်ရှိပါ့မယ်) ၂

အသဲကြွေခြင်း လေလွင့်ခြင်းတွေရယ် မွှေးကိုချစ်မိသောဘဝ ရလာဒ်တွေပါကွယ်၊ မွှေးရယ့့် မွှေးရယ့့်။

မှတ်ချက်
မြတ်လေးဟာ တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ထင်ပေါ် အောင်မြင်ခဲ့သူတယောက်ဖြစ်တယ်။ တေးဂီတနဲ့ ရုပ်ရှင်မှာ အောင်မြင်တယ်။ သူ့သီချင်းတွေကို ခုခေတ်လူရွယ်တွေကတော့ ကြားဖူးကြမယ်မထင်ပါ။ ခံစားတတ်ကြမယ်လည်း မမျှော်လင့်ပါ။ လူရွယ်တွေရဲ့ မိဘဆရာတွေကတော့ မြတ်လေးအနုပညာသက် ရှိခဲ့ကြသူတွေသာ ဖြစ်ပါတယ်။

သီချင်းစာသားသတ်ပုံကိုလည်း ခေတ်လူရွယ် လူငယ်တွေသာမက လူကြီးတွေပါ သတိပြုကြစေချင်ပါတယ်။ တရွေ့ရွေ့ခွါ တကမ္ဘာဆီလို့သာရေးတယ်။ တတွေမှာ စသတ်မပါ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈
Photo from my good friend, Dr. Raymond Tint Way

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး