Hypoglycemia သကြားဓါတ်နည်းခြင်း

မင်္ဂလာပါဆရာ ကျွန်တော်က အသက် ၂၅ နှစ်ပါ။ Hypoglycemia ရောဂါအကြောင်းလေးသိချင်လို့ပါ။ ဆရာအချိန်ရင်ရှင်းပြပေးစေလိုပါတယ်။

သွေးထဲမှာ ဂလူးကို့စ် ခေါ် သကြားဓါတ်နည်းတာကိုခေါ်တယ်။ အရေပေါ်အခြေအနေတခုဖြစ်တယ်။ ဆီးချိုရှိနေသူနဲ့ မရှိသူ မတူပါ။ ဆီးချိုကိုကုသနေစဉ် ရုတ်တရက် သကြားနည်းလွန်းတတ်တာကို အထူးသတိထားရတယ်။

သွေးထဲမှာ သကြားဓါတ် 70 milligrams per deciliter (mg/dL) or 3.9 millimoles per liter (mmol/L) ထက်နည်းရင် အရေးပေါ်ဆေးကုသမှုခံယူရမယ်။

သွေးထဲမှာ သကြားဓါတ်နည်းရင် ဒါတွေဖြစ်လာမယ်။
• An irregular heart rhythm နှလုံးခုန်မမှန်၊
• Fatigue အားကုန်၊
• Pale skin ဖြူဖတ်ဖြူရော်ဖြစ်၊
• Shakiness ခြေတုန်လက်တုန်၊
• Anxiety စိုးရိမ်စိတ်ဝင်၊
• Sweating ချွေးပြန်၊
• Hunger ဆာလောင်၊
• Irritability စိတ်တို၊
• Tingling sensation around the mouth ပါးစပ်ဝန်းကျင်ထုံကျင်၊
• Crying out during sleep အိမ်နေစဉ်ထအော်ချင်။

ပိုဆိုရင် ဒါတွေဖြစ်မယ်။
• Confusion, abnormal behavior or both, such as the inability to complete routine tasks စိတ်ရှုတ်ထွေး၊ ထုပ်နေကျအလုပ်ကိုပြီးအောင်မလုပ်နိုင်၊ အမူအယာမူမမှန်၊
• Visual disturbances, such as blurred vision မျက်စိကြည့်မကောင်း၊
• Seizures တက်၊
• Loss of consciousness သတိလစ်၊
• Falls လဲကျသွားနိုင်တယ်။
• Injuries ထိခိုက်ဒဏ်ရာရနိုင်တယ်။
• Motor vehicle accidents ယာဉ်မတော်တဆဖြစ်နိုင်တယ်။

ဆီးချိုဆေးရယူမနေသူတွေမှာ အစားအသောက်မစာသောက်တာအချိန်ကြာလို့ အဲလိုဖြစ်မယ်။ လူတွေမှာ အစာစားချိန်အရ အချိန်ကျရင် အစာခြေအရည်ထွက်လာတယ်။ အဲတာသတိပေးချက်ဖြစ်တယ်။ သကြားပါတဲ့အစာအသောက် တခုခုလိုပြီ။

တခြားအကြောင်းခံတွေ
• Quinine ငှက်ဖျားဆေး ကွီနင်းကြောင့်လည်း အဲလိုဖြစ်တတ်တယ်။
• Excessive alcohol consumption အရက်သောက်များရင်လည်းဖြစ်တယ်။
• Severe hepatitis အသဲရောဂါ
• Insulin overproduction အင်စူလင်ထုတ်တာများခြင်း၊
• Hormone deficiencies ဟော်မုန်းနည်းခြင်းတွေကနေလည်း ဖြစ်နိုင်တယ်။

ချိုတာတခုခုစားပါ။ သောက်ပါ။ သိပ်ဆိုးတဲ့သူကို ဂလူးကို့စ်ထိုးပေး သွင်းပေးရမယ်။ ဆီးချိုရှိသူ သကြားအနည်းအများ စစ်ဆေးနေပါ။ အချိန်မှန် အစာမစားဘဲ မနေပါနဲ့။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး