Triple negative breast cancer ရင်သားကင်ဆာတမျိုး

ဆရာရှင့် triple negative breast cancer ကော ဘယ်လိုပျောက်အောင် ကုသနိုင်ပါသလဲရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်ရှင့်

ကွန်မင့်ကနေမေးတာဖြစ်တယ်။ အသက်-ရာသီ-အိမ်ထောင်ရေး စတာတွေ မသိရပါ။

ရင်သားကင်ဆာ အမျိုးမျိုးရှိတယ်။ ER, PR နဲ့ HER2 negative အမျိုးအစားကင်ဆာတွေကို ဟော်မုန်းဆေး ပေးလို့မရပါ။ HER2 ကိုဘလော့လုပ်တဲ့ဆေး Trastuzumab လည်းပေးမရပါ။ Non-HER2 targeted therapy နည်းနဲ့ကုသလို့ ရပါတယ်။

Triple-negative breast cancer (TNBC) အမျိုးအစားရင်သားကင်ဆာမှာ Estrogen, Progesterone, or HER2 တွေရဲ့ Receptors မပါလို့ဖြစ်ပါတယ်။ Healthy breast cells ရောဂါမရှိတဲ့ ရင်သားဆဲလ်တွေမှာ အဲတာတွေပါနေတယ်။ အမျိုးအစားရင်သားကင်ဆာမှာ နို့ပြွန်လေးတွေထဲမှာဖြစ်ပြီး Invasive နည်းနည်းဆိုးတယ်။ ရင်သားကင်ဆာအားလုံးရဲ့ ၁ဝ% ကနေ ၂ဝ% ရှိတယ်။

Estrogen နဲ့ Progesterone receptors ပါတာက ရင်သားကင်ဆာ ၃ ယောက်မှာ ၂ ယောက်ရှိတယ်။ ၂ဝ ကနေ ၃ဝ% မှာ HER2 receptors တွေများတယ်။

Estrogen receptor (ER) နဲ့ Progesterone receptor (PR) ကင်ဆာတွေကို hormone therapies ဟော်မုန်းဆေးနဲ့ ကုသရမယ်။ HER2 များတဲ့ကင်ဆာကို anti-HER2 drugs ဖြစ်တဲ့ trastuzumab ဆေးနဲ့ကုရတယ်။

Triple-negative breast cancer ကို Chemotherapy ခီမိုသာရာပီ။ Radiation therapy ဓါတ်ကင်တာနဲ့ Non-HER2 targeted therapy ဆေးနဲ့ကုသနိုင်ပါတယ်။ Targeted therapy ဆိုတာ ခီမိုသာရာပီအပြင် Trastuzumab (Herceptin®) ဆေးပေးတာဖြစ်တယ်။ biological response modifier ဆေးအမျိုးအစားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး