44 ဖိုးဖိုး

ဖိုးဖိုး နဲ့ ဘိုးဘိုး ဘယ်ဟာက အမှန်လဲဆရာ။

ဖိုး
တကျပ်ဖိုး
ဖိုးကျိုင်းဒုတ် = ဖုန်းကျိုင်းဒီး (ဖုန်း = ကျွန်တော် + ကျိုင်း = စိတ် + ဒီး = ကောင်းသည်။ ယိုးဒယား)
ဖိုးဖိုးဖိန်းဖိန်း
ဖိုးရိုးဖါးလျား
ဖိုးလင်း = လွန်စွာအဖိုးထိုက်သည်
ဖိုးခေါင်ငှက်
ဖိုးခေါင်ရွာ
ဖိုးခေါင်ကြွေးကြော်
ဖိုးရိုးဖားရား
ဖိုးဝရုပ်
ဖိုးသူတော်
ဖိုးခေါင်ငှက်
အဖိုးထိုက်တန်
အဖိုးဖြတ်သည်
အဖိုးအခ
အဖိုးငွေ

ဘိုးဘေးဘီဘင်
ဘိုးစဉ်ဘောင်ဆက်
ဘိုးဘွား
ဘိုးအေ

(၁)
လူကလေးတဲ့ ချော့စရာ
မိတ္ထိလာ ကန်တော်အောက်က
ဘား ကောက်ခဲ့ပါ
ဘားပါလျှင် တကောင်ပေးပါ
မျက်လုံးငယ် ကြောင်တောင်တောင်နှင့်
ဘား ကောင်ကသေး။ (မောင်ဘ)

(၂)
မိုဃ်းပေါ်မှာ ကြယ်တလုံး
တိမ်ဖုံးပါလို့ လမသာ
သာတော့ခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်း
ဘိုး ရွှေလမင်း။ (မောင်ဘ)

ဖိုးဖိုးလို့လည်း မှန်တယ်။ ဘိုးဘိုးလို့လည်းမှန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး