ကိုယ်ပိုင်ဟန်

ကျွန်တော်က ဆေးစာတွေ ဘာသာပြန်ရာကနေ စာတွေရေးဖြစ်တာပါ။ နိုင်ငံရေးလည်းလုပ်တော့ အဲဒီအကြောင်းတွေပါ ရေးဖြစ်တယ်။ တနွယ်ငင်တစင်ပါ၊ နေ့စဉ်တွေ့ရတာတွေပါ တိုတိုတိတိ ရေးမိတယ်။

ကျွန်တော်ငယ်ငယ်က အဖေက ဆုံးမတယ်။ ကိုယ်ပိုင်ဟန်ထားဘို့။ လွတ်လပ်ရေးရပြီးစခေတ်က ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးအမည်ကိုပါ ပြောပြတယ်။ သူဝတ်တာစားတာ ပြောဟန်ဆိုဟန်။ အဲတာနဲ့ ကျွန်တော်လည်း ကိုယ်ပိုင်ဟန်ထားတဲ့အကျင့် ငယ်ကတည်းကရှိတယ်။ စာရေးတော့လည်း ကိုယ်ပိုင်ဟန်နဲ့သာ ရေးတယ်။ အတုမြင်အတတ်သင်တော့ မလွဲမသွေရှိတာပေါ့။

ကျွန်တော်စာရေးစမှာ သတ်ပုံကို ဂရုစိုက်နည်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပြင်ယူပါတယ်။ ခုထိလည်း အမှားလွတ်တဲ့စာ မရှိသလောက်ပါ။ စိတ်ကောင်းစေတနာထားသူတွေက ပြင်ပေးရင် အလွန်ကျေးဇူးတင်တယ်။ လက်ရည်တက်လာပြီ။ ပရိုအဆင့်တော့ မရောက်သေးပါ။

ပြည်ပမှာသာနေရတာ အားကိုးစရာ ရှားတယ်။ မေးစရာလူ၊ လျှောက်စရာဘုန်းကြီး၊ စကားပြောဖက်၊ ခေါင်းပါးတယ်။ စာအုပ်လည်း အစုတ်နည်းနည်းသာရှိတယ်။ ဆေးပညာဆိုရင်တော့ နောက်ဆုံးပေါ်အထိ လက်လှမ်းမီအောင်လုပ်တယ်။ မြန်မာစာ၊ မြန်မာ့သမိုင်း၊ မြန်မာ့နိုင်ငံရေးဆိုရင် ခြာစားပိုးထိုးပါစေ အခိုင်အမာရှိခဲ့တာကိုသာ အားကိုးတယ်။

စာအုပ်တင်ကြည့်စရာ ခေါက်သစ်သားခုံလေးမှာ စာအုပ်စုတ်ကလေး တင်ထားခြင်းဟာ ကျွန်တော့် ကိုယ်ပိုင်ဟန် ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၇
၁၁-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး