လှေ စကားပုံများ

ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်
ရှင်ဘုရင်တခါထွက် ပဲကြီးတလှေချက်
ကျော်တော့လှေသူကြီး ညားတော့လှေထိုးသား
တောင်ကြီးဖဝါးအောက် လှိုင်းကြီးလှေအောက်
လှေနံ နှစ်ဖက်နင်း
လှေအဆင်း မြင်းအတက်
တလှေတည်းစီး တခရီးတည်းသွား
ငါ့လှေငါထိုး ဗဂိုး (ပဲခူး) ရောက်ရောက်
လှေခွက်ကြီးကျန် အလံမလဲ
လှေနံဓားထစ်
ဘုန်ကြီးရူးနဲ့ လှေလူး

တခါက တလှေတည်းစီး ခရီးတူသွားသူတွေနဲ့ သောင်ရင်းမြစ်မှာ လှေထဲကရေ ခပ်ထုတ်ရဖူးတယ်။ ကျွန်တော်တို့တတွေ ရေထဲကတက်လာကြပြီ။ မတူလှတဲ့ခရီး ဆက်သွားနေကြတယ်။ သောင်ရင်းမြစ်ရေ ဆက်စီးနေတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး