သီချင်းကောင်းဆိုတာ သတ်ပုံမှန်နဲ့သာရေးပါတယ်

သဇင်ည

သီချင်းကောင်းဆိုတာ သတ်ပုံမှန်နဲ့သာရေးပါတယ်။

တငွေ့ငွေ့လွှမ်းထားတဲ့ မြမြူပဝါ
တရွေ့ရွေ့လှမ်းသွားတဲ့ည ဒီချိန်ခါ

တစ်ငွေ့ငွေ့ မဟုတ်ပါ။ တစ်ရွေ့ရွေ့ မဟုတ်ပါ။

တို့ရင်ထဲ

သီချင်းကောင်းဆိုတာ သတ်ပုံမှန်နဲ့သာရေးပါတယ်။

သူတယောက်တည်း အို့
တို့ရင်ထဲ မင်းတယောက် အစဉ်သာနေ
အက်စစ်စမ်းချောင်းများ တသွင်သွင်စီးဆင်းသွားနေတယ်
သူတယောက်တည်း အို့ သူတယောက်တည်း
သူတယောက်တည်း အို့ သူတယောက်တည်း တို့ရင်ထဲ

သူတစ်ယောက်တည်း မဟုတ်။
မင်းတစ်ယောက် မဟုတ်။
တစ်သွင်သွင် မဟုတ်။

ဝမ်းစာ

သီချင်းကောင်းဆိုတာ သတ်ပုံမှန်နဲ့သာရေးပါတယ်။

အိုတံငါရေ တနေ့တာဝမ်းရေးအတွက်
အိုတံငါရေ တသက်တာငြိမ်းမရတဲ့ ဝမ်းမီးအတွက်
တနေ့စာရုန်းကန်ရတယ်
လင်းတခါ မှောင်တခါ အစသံသရာ


တစ်နေ့တာ မဟုတ်။ တစ်သက်တာ မဟုတ်။ လင်းတစ်ခါ မှောင်တစ်ခါ မဟုတ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး