မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း

မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း တခုနှင့်တခု အမှီသဟဲပြုနေ၏။ ပင်ကိုယ်မူလက မည်မျှပင်ရဲရင့်သူဖြစ်နေစကောမူ မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ သိလိုက်သည်နှင့်တပြိုက်နက် သူ၏ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏။

၂၂-၄-၁၉၈၄ နေ့ထုတ် လှပရုပ်စုံစာစောင်မှ

မြန်မာစာသတ်ပုံထဲက တမှန်သမျှကို တစ်လို့ မြန်မာစာအဖွဲ့က ၁၉၈၁ ခုနောက်မှာ ပြင်စေခဲ့တယ်။ ၁၉၈၈ ခုနှစ် စစ်အစိုးရမတက်မီအထိ တတွေကို အမှန်အတိုင်းရေးသားထုတ်ဝေလို့ရတယ်။ နဝတ တက်မှသာ ဆင်ဆာအဖွဲ့က တစ်မဟုတ်ရင် ထုတ်ဝေခွင့်မပေးခဲ့တာ မြန်မာစာသမိုင်းမှန်ဖြစ်ပါတယ်။

အဖြစ်မှန်မသိသူတွေ တစ်ခုနှင့်တစ်ခုကသာမှန်တယ်လို့ လာမငြင်းကြပါနဲ့။

မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု သိလိုက်သည်နှင့်တပြိုက်နက် ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွားတော့၏။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး