ဗုဒ္ဓဝင်ဖျက် မြန်မာစာပျက်
တင်ထား ရှယ်ထားကြတာတခု တွေ့ပါတယ်။
ဗုဒ္ဓဘုရားဖြင့်စဉ် ပထမ အပိုင်း ၁ မှ ၃၀ထိ အေးဆေးနားတဲ့ချိန် ကြည့်ဖို့ shareယူထားနော်တဲ့။
ထိုင်းနဲ့ မြန်မာစာတမ်းထိုး အိန္ဒိယဇာတ်ကား။ နည်းနည်းလေးကြည့်လိုက်တယ်။ သတ်ပုံတွေ သွက်သွက်ခါအောင် မှားနေတယ်။
ကွန်မင့်တခုက ယသော်ဓရာ နဲ့ မယ်တော်မာယာ နာမည်လွဲလို့ရေးထားတယ်။ ကျွန်တော်ကြည့်သလောက် -
မြတ်စွာဘုရာ၏ခမည်းတော်သုတ်ဓေါဒနမင်းတဲ့။ မြတ်စွာဘုရား၏ ခမည်းတော် သုဒ္ဓေါဒနလို့ ရေးရတယ်။
ပလင်တဲ့။ ပလ္လင်လို့ ရေးရတယ်။
နေနတ်သားကို မောတ္တာပို့တဲ့။ မေတ္တာပို့လို့ ရေးရတယ်။
ဆက်မကြည့်လိုတော့ပါ။ ဗုဒ္ဓဝင်ဖျက်တယ်။ မြန်မာစာပျက်တယ်။ ကုသိုလ်ဖြစ်ပါ့မလား။
ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

Comments
Post a Comment