သတ်ပုံမှန်မှ တရားမှန်မယ် (၂)

၁။ ဆရာ့ပို့စ်မှာပဲ ပြောပါရစေ။ "သတ်ပုံမှန်မှ တရားမှန်မယ်" ဆိုတော့ စဉ်းစားစရာပါ။

မြတ်စွာဘုရားက ဒုက္ခသစ္စာ၊ သမုဒယသစ္စာ။ နိရောဓသစ္စာ။ မဂ္ဂသစ္စာလို့ ဟောကြောင်းမူရင်းစာတွေမှာရေးပါတယ်။ ဒုတ်ခသစ်စာ၊ ဿမုဓရသစ္စာ၊ ဏိဂြောဒသစ္စာ၊ မက်ဃသစ္စာလို့ မရေးအပ်ပါ။

သန်သယာ၊ ဖုရားတယားတော်၊ ကမထန်းအားထုပ်၊ စသည်လို့လည်း မရေးအပ်ပါ။

၂။ သတ်ပုံမှန်မှသာ တရားလည်းမှန်မယ်ဆိုသူ ဆရာ တင့်ဆွေအတွက်

တစ်ဘဝသံသရာစာအုပ်အဖုံးပို့ပါတယ်။ အဲလိုအမှားပုံတွေကို မတင်ပါရစေနဲ့။

နောက်တစ်ခုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်လက်ရေးနဲ့စာပုံတခု ပို့ပါတယ်။

ဒေါ်စုက တစ်လို့ရေးတာကို ဒေါ်ခင်ခင်ဝင်းစာအုပ်မှာတွေ့လို့ တခါရေးထားပြီးပြီ။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တဘဝသံသရာ http://gandharama.blogspot.com/2013/01/blog-post_8440.html

ပုဂ္ဂိုလ်တယောက်၏ စိတ်နေစိတ်ထား ဖြစ်ရပုံသည် တိုင်းပြည်နိုင်ငံနှင့်လည်း ဆက်သွယ်၏၊ မွေးရာ နယ်ပယ်ဒေသနှင့်လည်း ဆက်သွယ်၏၊ မွေးရာဌာန ရပ်ရွာနှင့်လည်း ဆက်သွယ်၏၊ မိဘမျိုးရိုးနှင့်လည်း ဆက်သွယ်၏၊ ဆရာသမားများနှင့်လည်း ဆက်သွယ်၏ထိုစိတ်နေစိတ်ထား အတိုင်းပင် ဉာဏ်-ဝီရိယများလည်း ဖြစ်ပေါ်ရ၏၊

file:///C:/Users/DTS/Downloads/000641%20(1).pdf

အရင်မူလစာအုပ်တွေကို နောက်ပေါ် ပလီထားတဲ့ ပေါ်လစီသတ်ပုံတွေပြောင်းရိုက်ပြီး ရောင်းစားနေကြကြောင်း ထပ်လောင်းတင်ပြအပ်ပါတယ်။

တရားဖြစ်ဖြစ် စကားဖြစ်ဖြစ်

ဒကာကြီးအတွက် ကိုးကားစရာထပ်တိုးလာမယ်ထင်ပါတယ်။

တင်ပါ့ဘုရား။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး