သမတ သတ်ပုံ

တယောက်၊ ကားတစီးပါ ဆရာ။ သို့သော် သမတ နှင့် သမ္မတ အမှား နဲ့အမှန် သိလိုပါသည်။

ကျေးဇူး။-

သမတသတ်ပုံအတွက် ပုံကိုအရင် ကြည့်ပါလေ။

ပါလီမာန်ခေတ်က သမတလို့ရေးခဲ့တယ်။ ဦးနေဝင်းခေတ်ကစပြီး သတ်ပုံတချို့ပြောင်းလာတယ်။ တကို တစ်လုပ်တယ်။ သမတကို သမ္မတလုပ်တယ်။

ခေတ်ဆိုတာ ခက်တာကို လွယ်အောင်၊ ရှုတ်တာကို ရှင်းအောင် ပြောင်းပါတယ်။ သမတကနေ သမ္မတလို့ လွယ်တာကို ခက်အောင်လုပ်နည်းနဲ့ တခါတရံလို မှန်နေတာကို တစ်ခါတစ်ရံလို့ မှားအောင်လုပ်နည်းဆိုတာ ခေတ်အပြောင်အလဲလို့ မဖြစ်သင့်ကြောင်းပါ။

မ နှစ်လုံးဆင့်အကြောင်း ဒီမှာလာပြီး ရှင်းမပြစေလိုပါ။ အရင်တင်စဉ်က လာရေးကြတာ များလှပြီ။ ကြိုက်တာယူကြပါလေ။ နှစ်ခုလုံး မမှားပါ။

တပ်မတော်လည်း မှန်ခဲ့တယ်

အရပ်သားတွေ သတ်ပုံမှန်ရေးစဉ်က တပ်မတော်လည်း မှန်ခဲ့တယ်။

သမတကြီး
ကားတစီး ၃ိ/
ကားအတွင် လူတယောက်လျှင်

အခုတော့

ကျွန်တော်က ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးတယ်ဆိုတဲ့ မြန်မာစာသတ်ပုံရဲ့ နောက်ခံအကြောင်းလေးတွေသာ ရေးပါတယ်။ ဆရာ မလုပ်ပါ။

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး