သမတဇာတာ မပါတဲ့အမျိုး

တမြန်နှစ်က ဒီလိုနေ့မှာ အင်ဒီယာနာပလစ်မြို့ကနေ မြောက်ဖက်တည့်တည့်မှာရှိရှိတဲ့ ဆော့သ်ဘင်းဒ်မြို့ကိုသွားပြီး၊ တရားရုံးတခုမှာ သားတယောက်က စီတီဇင်အဖြစ် ကျမ်းသစ္စာဆိုရပါတယ်။

ကျွန်တော်လုပ်ခဲ့တဲ့နိုင်ငံရေးကြောင့် ကိုယ်မွေးခဲ့တဲ့တိုင်းပြည်မှာ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ဆယ်နှစ်ဝင်ခွင့် မရှိပါ။ အမေရိကမှာတော့ တရားဝင်နေထိုင်တဲ့ ရဖြူဂျီ ခေါ် ဒုက္ခသည်တွေ သမတနဲ့ ဒုသမတကလွဲရင် ဘယ်နိုင်ငံရေး ရာထူးမဆို ဝင်ပြိုင်ချင် ပြိုင်ခွင့်ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ် လုပ်လို့ရတယ်။ နိုင်ငံခြားရေးဝန်ကြီး လုပ်လို့ရတယ်။

ကျွန်တော်လုပ်ခဲ့တဲ့နိုင်ငံရေးကြောင့် ကျွန်တော်နဲ့ ကျွန်တော့်သားသမီးတွေသာမက ကျွန်တော့်အမျိုးမှန်သမျှရဲ့ အခွင့်အရေးတွေကိုပါ ပိတ်ပင်တားမြစ်ခြင်းခံရပါတော့တယ်။ ဆောရီးပဲ အမျိုးတို့ရေ။

၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ဆိုတာ အဲတာပါပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာလည်း အဲတာပါပဲ။

လူ့အခွင့်အရေးဆိုတာတွေထဲမှာ အဲတာပါပုံမရပါ။ ကျွန်တော်တို့အခွင့်အရေး အော်ပေးစရာတော့မလိုပါ။ ကိုယ့်ထက် ဆိုးတဲ့သူတွေအတွက်သာ လုံးပမ်းပေးကြပါ။

ဖွဲ့စည်းပုံနဲ့ ဥပဒေအထက်မှာနေသူတွေ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး