နငယ် အမြီးဆွဲသူ







၁။ နိုင် နှင့် နိုင် အသုံးလေး သိချင်ပါတယ်ဆရာ

၂။ ကျွန်တော်မှားနေလား သိချင်လို့ပါခင်ဗျာ။ သတ်ပုံမှားတဲ့ ပိုက်ဆံ (နိုင်ငံတော်) နှင့် (နိုင်ငံတော်) ဘယ်ဟာအမှန်လဲ ဆိုတဲ့ မေးခွန်းကို လူတော်တော်များများ ဇဝေဇဝါဖြစ်ကြတယ်။ ကျွန်တော်ကတော့ နိုင်ငံတော်လို့ရေးတာ အမှန်လို့ ယူဆပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံက သတ်ပုံမှန်တယ်လို့ ယူဆပါတယ်။ ရှေ့ဟောင်းသတင်းစာတွေ စာအုပ်တွေမှာလည်း နိုင်ငံတော်လို့ပဲ ရေးပါတယ်။ အခုခေတ် ကျောင်းသုံးစာအုပ်တွေမှာ သတင်းစာ၊ ဂျာနယ်တွေမှာလည်း နိုင်ငံတော်လို့ပဲ ရေးပါတယ်။ ခြင်္သေ့ပုံနဲ့ စစ်အစိုးရပိုက်ဆံက သတ်ပုံမှားနေတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်က မြန်မာစာပါမောက္ခ မဟုတ်ပါဘူး။ ပညာရှင်လည်း မဟုတ်တဲ့အတွက် မှားနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ မင်းသုဝဏ်တို့လည်း သူတို့ရဲ့ စာအုပ်တွေမှာ လက်ရေးမှုတွေမှာ နိုင်ငံတော်လို့ပဲ ရေးခဲ့တာပါ။ ကျေးဇူးပြုပြီး ဖြေပေးပါလားခင်ဗျာ။

မြန်မာစာသတ်ပုံအကြောင်းပြောရရင် ကျွန်တော်ကတော့ လက်ဟောင်းကိုကိုင်ပြောပါတယ်။ ကနေ့အစိုးရက ထုတ်ထားတဲ့ သတ်ပုံကျမ်းတွေကို သိပ်သဘောမတူလို့ပါ။ ကျွန်တော်က မြန်မာစာပညာရှင် မဟုတ်ပါ။

မြန်မာ့စွယ်စုံကျမ်း နိုင်ငံကူးလက်မှတ်၊ နိုင်ငံခြားငွေလဲလှယ်မှု၊ နိုင်ငံတော်သီချင်း၊ နိုင်ငံပေါင်းချုပ်အသင်းကြီး၊ နိုင်ငံရေးပညာ၊ နိုင်ငံဝန်ထမ်း၊ နိုင်ငံသားအဖြစ်လို့ ရေးပါတယ်။ စစ်အစိုးရလက်ထက်မှာ စွယ်စုံကျမ်းအနှစ်ချုပ်တွေ ရိုက်တော့ သတ်ပုံတွေကို  ပြင်ထားပါတယ်။

နိုင်ငံတော်က မှန်ပါတယ်။ ဒါပေမယ့် (န) ငယ်ကို အမြီးဖြုတ်ထားတဲ့သဘောသာဖြစ်လို့ နိုင်ငံလို့ ရေးတာလည်း မမှားပါ။ နှိုင်ဆိုရင်တော့ မှားမယ်။

ငွေစက္ကူတွေမှာ နိုင်ငံတော်နဲ့ နိုင်ငံတော်လို့ နှစ်မျိုးရိုက်ထားတယ်။ တတွေကို တစ်ပြောင်းခိုင်းတုန်းကတော့ တပြေးညီတဲ့။

နငယ်အမြီးဆွဲသူဆိုတာရှိတယ်။ လူအများရှေ့မှာလာပြီး လျှာရှည်တဲ့သူမျိုး။ ဥပမာ အလှူပွဲမှာ ဟဲ့ ဘုန်းကြီးတွေကို ရှေ့ကသွားပါစေလို့ ပြောတာမျိုး။ လူတိုင်းသိတာကို ဆရာဝင်လုပ်တာ။

ဒေါက်တာတင့်ဆွေ
၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး