စာနယ်ဇင်းခေတ် မြက်ခင်းသစ်
မနှစ်က ဒီနေ့မှာ ပို့စ်တခုက နဝတ ခေတ်က ပုဂ္ဂိုလ်ရေးအရ ထိပါးရိုင်းစိုင်းစော်ကားတဲ့ ဆောင်းပါးတွေ ကာတွန်းတွေကို သတိရသေးတဲ့။
ရောက်စနှစ်က ဝါဆိုသင်္ကန်းကပ်ပွဲမှာ ဘုန်းဘုန်းတပါးက ဒေါ်မြမြအေးကိုပြောတယ်။ ဒကာမကြီးက မြက်ခင်းသစ်မှာ ဇာတ်လိုက်ဗျတဲ့။ နဝတ စစ်အစိုးရရဲ့ ဝါဒဖြန့် စကြဝဠာပြည့် မုသာဝါဒမဂ္ဂဇင်းဖြစ်ပါတယ်။
အဲဒီခေတ်က မီဒီယာလို့ မခေါ်သေးပါ။ စာနယ်ဇင်းလို့ ခေါ်တယ်။ အတိအကျပြောရင် အရင်အစိုးရလက်ထက်အထိ အစိုးရပိုင်၊ အစိုးရလက်ဝါးကြီးအုပ်၊ အစိုးရလက်ကိုင်တုတ်။
သူတို့ခေတ်ကောင်း၊ တိုင်းပြည်ခေတ်ဆိုးတုန်းကတော့ ဝန်ထမ်းတွေ မဝယ်မနေရအမိန့်ပေးထားလို့ အတော်ဒုက္ခရောက်ကြသတဲ့။
စာအုပ်ဟောင်းတွေရှိတယ်လို့ တင်နေကြသူတွေက မြက်ခင်းသစ်တင်ထားတာ မတွေ့သေးပါ။ တယောက်ကပြောသလို ထောက်လှမ်းရေးတွေကပဲ အဲတာတွေ ပြန်သိမ်းသလား မပြောတတ်။ အကျင့်ဆိုးတွေပါ သိမ်းပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၇
၁၄-၇-၂ဝ၁၈

Comments
Post a Comment