ကလေး မွေးနေ့ပွဲက စားလာတယ်

ပြန်ရောက်တည်းက အပြင်မလည်ရသေး။ မြန်မာပြည်ကနေလာနေသူ မိသားစုတွေနဲ့ အဲဒီအိမ်မှာပဲ ပြန်တွေ့ရလို့ ဝမ်းသာရတယ်။

မေးကြတယ်။ မြန်မာပြည်က ဘယ်လိုလဲ။ ထင်တာထက် ပိုကောင်းတယ်။ လူတွေရော လမ်းတွေရော။ နိုင်ငံရေးလမ်းကြောင်းပါ။ အဲ့ စားစရာတွေ အကုန်ကောင်းတယ်။

အမေရိကမှာ အကောင်းဆုံးရနိုင်တာတွေနဲ့ချက်တဲ့ မုံ့ဟင်းခါးနဲ့ သွားရေစာစားခဲ့တယ်။ ဧည့်ခံသူတယောက်ပြောတယ်။ မြန်မာပြည်လောက်တော့ မကောင်းဘူးပေါ့တဲ့။ ဆရာလည်း ဝလာတယ်တဲ့။ စားလို့ကောင်းခဲ့တာကိုး။ ကျေးဇူး။

ဓါတ်ပုံမရိုက်ခဲ့ရပါ။ မြန်မာပြည်တုန်းက စားခဲ့တဲ့ပုံသာ။

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး