တကျောင်းတဂါထာ

သုံးနှစ်တိတိနေ့က ကွန်မင့်တခုရတယ်။ မြန်မာ့ဓလေ့မှာ ချစ်ခင်သူ၊ လေးစားရသူကို ဆွေမျိုးစပ်ဝေါဟာရနဲ့ အာလုပ်ပြုပါတယ်။ အထက်မြန်မာပြည် တချို့နေရာမှာ ဘိုးတော်လို့သုံးတာလည်း ကြားဖူးပါတယ်။ အဘ ကဒီခေတ်ရောက်မှ နံမည်ပျက်ရတာပါ။ ငရုတ်သီးနဲ့ပေါင်းမိလို့ ကြက်သွန်ပါ အထောင်းခံရသလိုပါဆရာ။

ဟုတ်။ ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့ရွာမှာ ကိုယ်ပိုင်အခေါ်အဝေါ်တွေရှိတယ်။ ဦးလေး-ဦးကြီး၊ ဒေါ်လေး-ဒေါ်ကြီး ခေါ်တယ်။ အချို့အရွယ်မတိမ်းမယိမ်း ဦးလေးကို အကိုလို့ခေါ်တယ်။ ဘကြီး-ဘလေး၊ အုးန်ကြီး-အုန်းလေးခေါ်တယ်။ အဘလို့မခေါ်ပါ ဘလို့သာခေါ်တယ်။ အန်တီ-အန်ကယ်ခေါ်ရင် ဘိုစိတ် ပေါက်သူလို့ သတ်မှတ်တယ်။

အဘလို့ခေါ်တာက စစ်အစိုးရခေတ်မှာ သင်ပေးထားတာ။ ဗိုလ်စိတ်ပေါက်အောင်လုပ်ထားတာ။

ကျွန်တော့်ကို အဖေကဆုံးမဖူးတယ်။ ကိုယ့်နာမယ်ကိုမခေါ်ပဲ ဗျို့ဖြစ်ဖြစ်၊ ဟေ့ဖြစ်ဖြစ်ခေါ်ရင် ကိုယ့်ကို ခေါ်နေမှန်းသိလည်း လှည့်မကြည့်နဲ့၊ မထူးနဲ့ကွတဲ့။

ပုလဲမြို့ ငပုယင်းကျောင်းကို ညကြီးမှာ ဒကာတယောက်က ကိုရင်၊ ကိုရင်နဲ့အော်ခေါ်နေတာ ကြာတော့ ဆရာတော်က ထွက်လာပြီး၊ ဟေ့ ဘယ်ကောင်လဲကွ ကိုရင်ခေါ်နေတာ။ ငါ့ကျောင်းမှာ ကိုရင် အပါးနှစ်ဆယ်လောက်ရှိတယ်ကွတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး