ဝရုန်းသုန်းကား

မင်္ဂလာပါဆရာ မေးစရာလေး တခုရှိလို့ပါ။ ဝရုန်းသုန်းကား က အမှန်လား၊ ဘရုံးသုံးကား က အမှန်လားခင်ဗျာ။ ခင်နှင်းယုရဲ့ဝတ္တုတပုဒ်ထဲမှာ ဘရုံးသုံးကား လို့ ရေးထားတာ တွေ့မိလို့ပါဆရာ။

ဝရုန်းသုန်းကားလို့ ရေးပါတယ်။ ရှေးကသတ်ပုံစာအုပ်တွေထဲမှာတော့ မတွေ့ပါ။ ဘရုံးသုံးကားလို့တော့ မတွေ့ဖူးပါ။

ဝရုန်းသုန်းကားဆိုတာ ပရမ်းပတာ၊ အစီအစဉ်၊ ဖြစ်ချင်ရာဖြစ်လုပ်တာ။ တခုခုရုတ်တရက် ပျိုကျလို့ဖြစ်တာမျိုး။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခြေဦးတည့်ရာ ပြေးလွှားကြတာလည်း သုံးတယ်။

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး