Country in the Cave ဂူထဲပိတ်မိနေတဲ့ တိုင်းပြည်

ထိုင်းနိုင်ငံမြောက်ပိုင်းက ဂူထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နေတဲ့သတင်းကို တကမ္ဘာလုံးက စိတ်ဝင်စားကြတယ်။ စီအင်န်အင်န်၊ ဘီဘီစီတို့မှာလည်း ခေါင်းကြီးပိုင်းသတင်းဖြစ်ပြီး နာရီတိုင်းမှာ တိုက်ရိုက်ရုပ်သံသတင်းလွှင့်ပေးနေပါတယ်။ အခုစာရေးနေချိန်မှာ (၁၃ - ၄ - ၄) = ၅ ယောက်သာကျန်တော့တယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာပြည် ခပ်ဆင်ဆင်တူတာတွေရှိတယ်။ မွန်ဂိုလွိုက်လူမျိုးခြင်းတူတယ်။ အများစုကိုးကွယ်ရာဘာသာ တူတယ်။ စစ်တပ်တပိုင်းက အုပ်စိုးနေတယ်။ အယူသီးမှုတွေကလည်း သိပ်မကွာလှပါ။

ဒါပေမဲ့ သူတို့ဆီမှာ ဒီသတင်းအပေါ် အမြတ်ဝင်ထုတ်သူ ရှားတာတွေ့ရတယ်။ ဘယ်နိုင်ငံရေးပါတီကမှ အမှတ်ဝင်ယူတာ မတွေ့ပါ။ ပါတီနောက်လိုက်နောက်ပါ ဘုန်းကြီးတွေ လူတွေက အလံရှူးဝင်လုပ်တာ မြန်မာပြည်လိုမလုပ်ပါ။ ထိုင်းစစ်တပ်ကလည်း သူ့နေရာသူနေတယ်။

နိုင်ငံတကာကျွမ်းကျင်သူတွေ၊ ထိုင်းကယ်ဆယ်ရေးသမားတွေနဲ့ ထိုင်းနေဗီရေငုပ်သမားတွေ အတူတူလုပ်ကြတယ်။ စုံအောင်ပြောရရင် ဘုန်းကြီးတပါးသတင်းကို ဗမာပြည်က လူတွေလောက် အဖြစ်မသည်းကြပါ။

ကျွန်တော်တို့အားလုံးဟာ ထိုင်းကို မမီသေးပါ။ နေရာတကာ ကိုယ်ကျိုးရှာအမြတ်ဝင်ထုတ်သူတွေ နည်းပါစေ။ အလံရှူး နိုင်ငံရေးနောက်လိုက်တွေ ကျဆုံးပါစေ။ အယူသီးမှုတွေ ပျောက်ကင်းပါစေ။

သတင်းတွေ လာမတင် လိုက်မဝေစေလိုပါ။ ဂူထဲပိတ်မိနေတဲ့ တိုင်းပြည်ဘဝက လွတ်မြောက်ရပါလို၏။

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး