Generalization ဝါးလုံးသိမ်းကောက်ချက်

ဘရပ်ဆဲလ်မြို့က စကားဝိုင်းပို့စ်အောက်မှာ မေးတယ်။ ဗမာတွေဘာကြောင့်မကောင်းသလဲဆရာတဲ့။

ဝါးလုံးသိမ်းပြီး ကောင်းတယ်၊ မကောင်းဘူးလို့ပြောတာ အပြစ်မလွတ်ပါ။ အနှောင့်အသွား မလွတ်တတ်ပါ။ တချို့ကတော့ သာမန်သဘောထားပေမဲ့ တချို့က အဲလိုအပြောခံရတာကို အလေးအနက်ယူကြတယ်။ အုပ်စုလိုက် အမုန်းပွါးစေနိုင်တယ်။

သူများအပေါ်မကောင်းခဲ့သူ ကိုယ့်အပေါ်ကောင်းနေရင် လူကောင်းစာရင်းသွင်းလေ့ရှိတယ်။ မကောင်းဆိုတာလည်း အထင်မှားတာမျိုးက ရှိသေးတယ်။ တချိ့လူအပေါ် အမှန်တကယ်အကောက်ကြံခဲ့သူကို သူတို့အပေါ်တော့မျက်နှာချို နှုတ်ချိုသွေးလို့ သြဘာပေးသူတွေရှိတယ်။ ပြည်ပနိုင်ငံရေးမှာ ဘရူးတပ်စ်လိုလူမျိုး အနည်းဆုံး ၃ ယောက်လောက် ကြုံခဲ့ရတယ်။ ဒါပေမဲ့ သူတို့လည်း သူတို့ပရိသတ်မှာ ဆရာကြီးတွေ။ အကောင်ကြီးတွေ။

အကုန်သိမ်းပြီး မကောင်းဘူးလို့ပြောတာ အပြစ်မလွတ်ပါ။ အုပ်စုလိုက် အမုန်းပွါးစေနိုင်တယ်။ အကုန်သိမ်းပြီး ကောင်းတယ်လို့ပြောတာလည်း ဂျူလီယက်ဆီဇာ သေရတယ်။

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး