HIV vaccine အိတ်ခ်ျအိုင်ဗွီကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း

၇-၇-၂ဝ၁၈ နေ့ကထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ လူပေါင်း ၃၉၃ ယောက်ကို ခုခံအားကောင်းစေအောင် ကုသပေးနေတာမှာ HIV ကိုရောဂါပြီးစနစ်ကတုန့်ပြန်မှုတွေရတာ အားရှိစရာလို့ ဆိုပါတယ်။
ကနေ့ ကမ္ဘာမှာ လူပေါင်း ၃၇ သန်းတို့ဟာ HIV ကူးစက်ခံထားရတယ်။ ဒါမှမဟုတ် AIDS ဖြစ်နေကြတယ်။ နှစ်စဉ် လူနာသစ် ၁့၈ သန်းတွေ့နေတယ်။ အခုထိ ကာကွယ်ဆေး မပေါ်သေးပါ။

Prep (pre-exposure prophylaxis) ဆေးဆိုတာ ပိုးဝင်လောက်မှာကို သိရင် ချက်ချင်းကောက်ပြီးကာကွယ်နိုင်တယ်။

အခုလေ့လာစမ်းသပ်မှုမှာ ယူအက်စ်၊ ယူဂန်ဒါ၊ ထိုင်း၊ တောင်အာဖရိကနိုင်ငံက လူတွေကို ကာကွယ်ဆေး လေးမျိုး ၄၈ ပတ်ကြာထိုးပေးခဲ့တယ်။ မျောက်တွေကိုလည်း စမ်းတယ်။ အဲတာလည်း ၆၇% ရလဒ်ကောင်းတယ်။ ထိုင်းမှာ လူကိုကူးစက်မှု ၃၁% နည်းလာတာတွေ့ရတယ်။ ဆက်စမ်သပ်ရပါဦးမယ်။

HIV Prevention ကာကွယ်ရေး http://doctortintswe.blogspot.com/2017/03/hiv-prevention.html
HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး