Mammogram မင်မိုဂရမ်

ဆရာရှင့် သမီးအခုမှမေးဖူးတာပါ ဆရာ့ page မှာတော့ breast lump နဲ့ပတ်သက်တာရေးထားတာ ဖတ်ရပါတယ် သမီးဖြစ်နေတာအပေါ်ဆရာရဲ့ diagnosis လေးသိချင်ပါတယ်ဆရာ တခါမှမမေးဖူးလို့အမှားပါရင် ခွင့်လွှတ်ပါနော်ဆရာ

(မေးတဲ့သူနဲ့ အရင် မေးတာ ဖြေတောတွေကို မထည့်တော့။)

ကင်ဆာမဟုတ်တဲ့အကျိတ်သာဖြစ်နိုင်။

ရင်သားကို အရင်ကခွဲထားပြီးသူတွေ နောင်ထပ်စစ်တဲ့အခါ သတိထားရတယ်။ ကျွမ်းကျင်ဆရာဝန်တွေက သိတယ်။

ဆရာဖြေကြားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဆရာ ဆရာဟိုလေ အရင်ခွဲထားပြီးသူတွေ နောင်ထပ်စစ်တဲ့အခါ သတိထားရတယ်ဆိုတာက ဘာကိုပြောတာလဲဆရာ ခွဲထားတာကြောင့် ဖတ်တဲ့ဆရာ မကျွမ်းကျင်ရင် diagnosis မှားတက်တာကိုပြောတာလားဆရာ ဆရာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဆရာ

မကျွမ်းကျင်လို့ မပြောသင့်ပါ။ ပညာရှင်တွေကလည်း အဲဒီချက်ကို ကောင်းကောင်းသိကြတယ်။ မှားတက်တာ မဟုတ် မှားတတ်တာလို့ ရေးရတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော့်ဇနီး ရင်သားကင်ဆာ ပုံမှန်စစ်ဆေးဘို့ရာ စိန့်ဖရန့်စစ်ဆေးရုံကြီးကို သွားရတယ်။ သူအိမ်ထောင်မကျမီက ရင်သားတဘက်မှာ ဖိုက်ဘရိုအဒီနိုးမားအကျိတ်တခုခွဲခဲ့ဖူးတယ်။ အဲတာက စစ်ဆေးတော့ ပေါ်တယ်။ အဲတာကြောင့် မင်မိုဂရမ်ကို သေချာထပ်ထပ်ရိုက်စစ်ပါတယ်။ အဲတာကိုပြောတာ။

ကင်ဆာကို ပြည်တည်နာပေါက်တာမျိုးလို ပျောက်သွားအောင်ကုသလို့ မဖြစ်နိုင်သေးပါ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ၅ နှစ် အသက်ရှင်နှုန်းကိုသာ တွက်နိုင်ပါသေးတယ်။ ကင်ဆာအများစုကို စောစောသိလို့ စောစောဆေးကုသမှု စနစ်တကျ ခံယူလေ ရှင်နိုင်များလေလေဖြစ်တယ်။ တချို့ဆို ပျောက်တယ်လို့တောင် ပြောနိုင်လာပါတယ်။ စောစောသိအောင် ကြိုတင်ဆေးစစ်တာလုပ်ဘို့ လမ်းညွှန်သစ်တွေလုပ်ပေးထားပါတယ်။ ပညာရှင်တွေက မတူတဲ့အယူအဆတွေရှိတယ်။ နှစ်ကာလ ပြောင်းလာတာနဲ့လဲ လမ်းညွှန်သစ်တွေထုတ်ပေးပါတယ်။ ဒီစာမှာ ၂ဝ၁၄ ခုနှစ်ဝက်က ထုတ်ထားတဲ့လမ်းညွှန် ဖြစ်ပါတယ်။

ရင်သားကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Mammogram နှစ်စဉ်ရိုက်ပါ။

လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး