Mixed color dress စပ်ထဘီ

တမြန်နှစ်က ဒီရက်မှာ လန်ဒန်မြို့တော် ဒေါင်းနင်းလမ်း အမှတ် (၁ဝ) ကနေ ထွက်ခွါတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းရဲ့ ဇနီး ဝတ်ဆင်ထားတာနဲ့ ဘတ်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီး အဲလိဇဗက် ကောင်းချီးပေးတာကို လာခံယူတဲ့ ဝန်ကြီးချုပ်သစ် ထရီဇာမေ ဝတ်စားထားတာကို ဗမာ့မျက်စိနဲ့ကြည့်ရင် စပ်ထဘီဆင်ဖြစ်ပါတယ်။

အညာဒေသမှာ အမျိုးသမီးတွေက စပ်ထဘီကို ဝတ်ဆင်ကြလေ့ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကပါ။ အခုတော့ နည်းသွားပြီထင်တယ်။

ရှမ်းအမျိုးသမီးတွေက ရိုးရာဓလေ့အဖြစ် ပတ်ထဘီ၊ ကွင်းထဘီ၊ ရွှေထဘီနဲ့အတူ စပ်ထဘီကို အမြတ်တနိုး ဝတ်ဆင်လေ့ ရှိကြပါသတဲ့။

တောဘုန်းကြီးကျောင်းတွေမှာလည်း သေဆုံးသူတွေရဲ့ အဝတ်အစားအကောင်းတွေကို စပ်ပြီး ကလကာ (ကလားကာ၊ ကုလားကာ၊ ကန့်လန့်ကာ) ချုပ်လေ့ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၆
၁၃-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး