Mustard oil usage မုန်ညင်းဆီ သုံးနည်း

မုန်ညှင်းဆီကလိမ်းရတာ မဟုတ်ဖူးလား ဒေါက်တာ။ ဟင်းချက်လို့ရလို့လားရှင်။ ချမ်းမြေ့ပါစေ ဒေါက်တာ။

မုန်ညင်းဆီကို လူတွေသုံးလာတာ ရာစုနှစ်ပေါင်းများနေပြီ။ တချို့အယူအဆတွေက food additive စွဲစေတယ်။ miracle cure-all ရောဂါတွေကို ပဉ္စလက်လိုပျောက်စေတယ်။ aphrodisiac လိင်အားပေးတယ်။ အဲဒီကြွားလုံးတွေကို သိပ္ပံနည်းကျ သက်သေမပြနိုင်ပေမယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒက်ရှ်မှာ သုံးစွဲနေသူအလွန်များတယ်။

မုန်ညင်းဆီ အလွန်အသုံးများတဲ့ အိန္ဒိယမှာလေ့လာမှုလုပ်တော့ မတူတဲ့အဖြေတွေရတယ်။ တခုက နှလုံးကို ကာကွယ်မှု ပေးနိုင်ခြင်းမရှိ + alpha-linolenic acid ရဲ့အကျိုးဟာ erucic acid ရဲ့ဆိုးကျိုးထက်ပိုတယ်။ နောက်တခုက နှလုံးကို ကာကွယ်မှု ပေးနိုင်တယ် + alpha-linolenic acid ရဲ့အကျိုးဟာ erucic acid ရဲ့ဆိုးကျိုးထက်ပိုတယ်။

ကလေးတွေကို လိမ်းပေးခြင်းဟာ အရေပြား ခိုင်မာမှုနဲ့ စိမ့်ဝင်နိုင်စွမ်းကို ထိခိုက်စေတယ်။ နောက်လေ့လာမှုတခုအရ အဲလိုလိမ်းပေးရင် ကိုယ်အလေးချိန်တက်စေနိုင်တယ် + အရပ်ရှည်မယ် + လက်မောင်းနဲ့ ခြေထောက်လုံးပတ်တိုးစေမယ်။ ဒီအကျိုးကျေးဇူးမျိုးက နှမ်းဆီလိမ်းရင်ပိုများတယ်။

USDA လေ့လာချက်အရ မုန်ညင်းဆီထဲမှာ
Calories = 126
Fat = 14
Carbohydrates = 0
Fibers = 0
Protein = 0 ပါတယ်။

အမေရိကန်အာဟာရဂျာနယ်က ၂ဝဝ၄ လေ့လာမှုအရ နှလုံးကျန်းမာရေးကို ကာကွယ်မှု ပေးကောင်း ပေးနိုင်တယ်လို့ ဆိုတယ်။ မုန်ညင်းဆီထဲမှာ မိုနိုမပြည့်ဝဆီနဲ့ ပေါ်လီမပြည့်ဝဆီတွေပါတယ်။ မကောင်းတဲ့ ကိုလက်စထောကို နည်းစေပြီး ကောင်းတဲ့ကိုလက်စထောကို တက်စေမယ်။

မုန်ညင်းဆီထဲမှာ alpha-linolenic acid နဲ့ erucic acid တွေပါတယ်။ ၁၉၇ဝ ကျော်ကလေ့လာမှုအရ erucic acid က များရင် နှလုံးအတွက်မကောင်းဘူးလို့တွေ့ရတယ်။ အဲဒီအချက်ကြောင့် ယူအက်စ်ကိုတင်သွင်းခွင့်ပိတ်ထားတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

ဆီ ဘာဆီလဲ

• သိချင်သူက မုန်ညင်းဆီမေး၊ မှတ်မိသေး၊
• ပြည်ပြေးကျွန်တော့်ဆီ၊ လေးနှစ်အကြာမှာ မိသားစုက လိုက်အလာ၊
• ၁၉၉၅ ဇန္နဝါရီလထဲမှာ တညတာ မိုးရေးမှာနား၊
• ကျောင်းသားတွေကကြိုဆို၊ လိုလေသေးမရှိ။

• သွားရည်စာ လက်ဖက်သုပ်၊ သမီးနဲ့အမေ ကိုယ်တိုင်ဝင်လုပ်၊
• အထုပ်နဲ့တွေ့တဲ့ မုန်ညင်းဆီ၊ ဘယ်လိုသုံးရမည်မသိ၊
• မေးလည်းမကြည့်၊ ခပ်ရွှဲရွှဲသာ ဆမ်းလိုက်ကြတော့၏။

• မြည်းကြည့်၊ ဘာအရသာမှန်းမသိ၊ စိမ်းရွှေရွှေစော်နံပါဘိ။
• ကျောင်းသားတွေက ရယ်ကြလေတော့၏၊
• မုန်ညင်းဆီဆိုတာ မသုံးခင်မှာ ကြော်ရတာ၊ အဲတာပညာ၊
• အိန္ဒိယမှာသင်ယူစရာ သင်္ခန်းစာနံပါတ်တစ်တဲ့ဗျာ။ ။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

မုန်ညင်းဆီရှိပါသလား

တမြန်နှစ်က ဒီနေ့မှာ အာဇာနည်နေ့သတင်းကို ဘီလင်းအမတ်အမျိုးသမီးတဦးက ရှင်းလင်းလို့ အဆင်ပြေပြီလို့ ဖတ်ရပါတယ်။ ကောင်းလေစွ။

ကိသဂေါတမီဟာ သူ့ရဲ့တဦးတည်းသောသားလေး သေဆုံးသွားရလို့ သောကမီး တောက်လောင်ပြီး၊ သူ့သားလေးကို ပြန်ရှင်လာအောင် ကုစားပေးဘို့ မြတ်စွာဘုရားကို လျှောက်ထားပါတယ်။ လူသေခြင်းအမှုအသုဘနဲ့ကင်းတဲ့ အိမ်ကနေ မုန်ညင်းဆီတစက် ဘုရားက အရှာခိုင်းခဲ့ပါတယ်။

မြတ်စွာဘုရား အရှာခိုင်းတဲ့ မုန်ညင်းဆီ ဘီးလင်းမှာ ရှိမလားမသိပါ။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး