Peace symbols ငြိမ်းချမ်းရေးသင်္ကေတများ

နိုင်ငံတကာမှာ ငြိမ်းချမ်းရေးသင်္ကေတကို အမျိုးမျိုးသုံးခဲ့ပါတယ်။ သံလွင်ခက်၊ သံလွင်ခက်ကို ကိုက်ချီနေတဲ့ချိုးဖြူငှက်၊ ကျိုးနေတဲ့ရိုင်ဖယ်သေနတ်၊ ဗွီဆိုင်းစတာတွေဖြစ်တယ်။

နိုင်ငံတကာငြိမ်းရေးသင်္ကေတကို ၁၉၅၈ ကနေစတယ်။ အမှန်က အနုမြူလက်နက်ဖျက်သိမ်းရေး Nuclear disarmament ဖြစ်ပါတယ်။ နူကလီယာအတိုကောက် N စာလုံး၊ ဖျက်သိမ်းရေးအတိုက်ကောက် D စာလုံးပါတယ်။

ချိုးဖြူကို ငြိမ်းချမ်းရေးအတွက်သာမက အချစ်နဲ့ ဆက်သားအဖြစ်သုံးတယ်။ သခင်ကိုယ်တော်မှိုင်းခေတ်မှာ ချိုးငှက်ကို ငြိမ်းချမ်းရေးသင်္ကေတအဖြစ် လူသိများထင်ရှားခဲ့တယ်။

ဘာသာရေးအရလည်း ချိုငှက်ကို တန်ဖိုးထားတယ်။ ခရစ်ယန်နဲ့ ဂျူးဘာသာတွေဖြစ်တယ်။ စစ်သုံးလည်းရှိတယ်။

မြန်မာပြည်မှာ ရိုင်ဖယ်ကျိုးပါတာက ပိုဆီလျော်တယ်။ နိုင်ငံတကာစစ်ပွဲဆန့်ကျင်ရေးသင်္ကေတ။

Photos:
(1) White dove and olive branch
(2) The symbol originally designed for the British nuclear disarmament movement is now widely used.
(3) The broken rifle symbol of War Resisters' International

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး