SPA ဆီးစပ် သတ်ပုံ

ဆရာသမီးဘာဖြစ်တာလဲမသိဘူး သွေးတွေဆင်းပြီး ခါးတွေလဲနာတယ် စီးစက်တွေလဲကိုက်တယ် လူမနေနိုင့်တောဘူး အရမ်းကိုက်တာဆရာ ဘာဖြစ်တာလဲပြောပြပါလား ဆေးဆိုင်ကဆေးလဲမဆက်ပေးရဲဘူး သမီးကိုပြောပြပါလားဆရာ

ပို့စ်နဲ့ မေးခွန်း မဆိုင်။ မေးနည်းစည်းကမ်းကို နေ့စဉ်နေ့တိုင်းတင်တယ်။ အဲဒီလိုဖြေရတာ တနေ့ မှာ ဆယ်ခါမကပါ။

သမီးဆိုသူ အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး (ဆောရီး) မသိပါ။

ဆီးစပ်လို့ရေးရတယ်။ အရင်ကလည်း မှားရေးမေးတာတွေများတယ်။ နမူနာလောက်သာ ထည့်ပါမယ်။

1. ကိုးကွယ်စည်းကပ်က အမှန်လား ကိုးကွယ်ဆီးကပ်က အမှန်လားဆရာ။
2. စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။
3. ဆုံဆည်း နဲ့ ဆုံစည်း ဘယ်ဟာ အမှန်လဲဆရာ။
4. ဆရာ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။
5. ဆရာ ကျွန်မအသက်က၂၈ပါ။ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။
6. ဆရာထပ်မေးပါရစေနော် ကန်တော့ပါဆရာ ယားလို့ ကုပ်မိတယ် ရမ်းစပ်တယ် သီးပေါက်လို့တောင်မရဖြစ်နေတယ်
7. ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီရှင်။ အခုလ ၂၅ ရက်နေ့မှာ ရာသီမလာတော့ပါဘူးရှင့်။ စီးစစ်တန်နှင့် စစ်တာကလေးမရှိဘူးပြနေတယ်။ ဘာဖြစ်လို့မပြတာလည်းဆရာ။ သိချင်လို့ပါဆရာ။
8. ဆရာရှင့် စီးစစ်တံနှင့် စစ်တာ ကလေးမရှိဘူးပြနေတယ်။
9. ဆီးကပ်လား ဆည်းကပ်လားဆရာ။ မကွဲပြားလို့ပါရှင့်။
10. ဆီးသီးနဲ့ ဇီးသီး အတူတူပဲလားဆရာ
11. မန္တလေးမြို့ကပါဆရာ။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။

စီး
စီးစီးပိုးပိုး မပြောအပ်
စီးပွားရေးကောင်းပါစေ၊
တရားဘာဝနာ စီးဖြန်းပါ
ဘတ်စကားစီးသွားပါ
လှည်းတစီး၊
အပျက်အစီး များတယ်

စည်း
စည်းကမ်း
စည်းခုံစေတီ
စည်းချက်ဝါးချက်
စည်းစိမ်
စည်းတန်း
စည်းတိမ်သောင်တိမ်
စည်းထုပ်ဖန်
စည်းကြိုး
စည်းနဲ့ဝါး
စည်းပုံ
စည်းကြပ်
စည်းခြံ
စည်းမဲ့ကမ်းမဲ့
စည်းမျဉ်းထားပါ
စည်းမျဉ်းဥပဒေ
စည်းရိုး
စည်းလုံး
စည်းလုံချည်
စည်းလွတ်ဝါးလွတ်
စည်းသား
စည်းသုတ်
စည်းစောင့်ပါ
စည်းဝေးပွဲ
စည်းနှောင်
တင်းတစည်း ဘယ်လောက်လဲ
နယ်နိမိတ်စည်း
ပန်းတစည်း
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ
ကြိုးနှင့် စည်းထားပါ
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်
အခွန်စည်းကြပ်မည်
အစည်းအဝေး စတော့မယ်
ဥစ္စာပစ္စည်း ကုံလုံသည်
ရွှေစည်းခုံစေတီတော်

ဆီး
ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ
ဆီးကုန်းမြို့
ဆီးခုံက နာတယ်
ဆီးချုပ်နေပါသလား
ဆီးချိုရောဂါ စစ်ထားပါ
ဆီးချူပေးမယ်
ဆီးစပ် (ဆီးစ)
ဆီးစပ်မှာ အလုံးရှိနေတယ်
ဆီးတန့်ထားလို့ ဆက်သွားမရပါ
ဆီးတားပိတ်ပင်
ဆီးပန်းနီဆရာတော်
ဆီးကြိုသည်
ဆီးဖြူသီးစားမလား
ဆီးဝမ်းလေ မှန်ပါသလား
ဆီးသီးကောင်းကောင်းစားချင်တယ်
ဆီးအောင့်
ဆီးနှင်းတွေ ကျနေတယ်
တားဆီး ပိတ်ပင်ထားသည်
တားဆီးကံမြစ်
ထုပ်ဆီးတိုးကစားခြင်း
ပုဆိုးဆီး
ဖမ်းဆီးချုပ်နှောင်
ဖျက်ဆီးပစ်သည်
လူဆိုးကို ဖမ်းဆီးပါ
ဧည့်သည်ကို ဆီးကြိုပါ

ဆည်း
ဆည်းကပ်
ဆည်းဆာအချိန်
ဆည်းပူး
ဆည်းလည်းသံ သာယာသည်
ပညာဆည်းပူးပါ
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

Pelvic Pain အမျိုးသမီး ဆီးစပ်နာခြင်း https://doctortintswe.blogspot.com/2014/11/pelvic-pain_24.html

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး