Speechwriter မိန့်ခွန်းရေးသူ

အရေးကြီးတဲ့ တိုင်းပြည်ခေါင်းဆောင်တွေမှာ မိန့်ခွန်းရေးပေးသူထားကြရတယ်။ သူတို့ရေးပေးတာကို သမတ စသည်တို့က ဖတ်ရတာများတယ်။ အထူးလေ့လာကျွမ်းကျင်သူတွေကို မိန့်ခွန်းရေးအရာရှိအဖြစ်ခန့်ထားကြတယ်။ တချို့ အမေရိကန် သမတတွေမှာ မိန့်ခွန်းရေးပေးသူ တယောက်မကထားတယ်။

အမေရိကန်သမတ ကနေဒီအတွက်အာသာရှယ်လ်ဆတင်ဂါးကလည်း ရေးပေးတယ်။
အမေရိကန်သမတ နစ်ဆင်အတွက် ပက် ဘူချနန်နဲ့ ကင်ခါချီဂျီနန်။
အမေရိကန်သမတ ကာတာအတွက် ဂျိမ်းစ် ဖဲလိုးနဲ့ ခရစ် မက်သယူး။
အမေရိကန်သမတ ကလင်တန်အတွက် မိုက်ယ် ဝေါဒ်မင်း။
အမေရိကန်သမတ အိုဘားမားအတွက် ဂျွန် ဖက်ဘရိုနဲ့ ကိုဒီကီနန်။
ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာအတွက် ဆာ ရော်နယ်မင်လာကရေးပေးတယ်။
ဂျာမန်ချန်ဆယ်လာ အင်ဂျလာ မာကဲလ်အတွက် အီဗာ ခရစ်ရှန်ဆန်ကရေးပေးတယ်။

Ask not what your country can do for you... တိုင်းပြည်က သင့်အတွက်ဘာလုပ်ပေးနိုင်သလဲ မမေးပါနဲ့။ သင်ကတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲသာ မေးပါဆိုတာ ကနေဒီမိန့်ခွန်းမှာပါတယ်။ John F. Kennedy ကနေဒီအတွက် သူ့မိန့်ခွန်းရေးဆရာ Ted Sorensen တဒ်ဆိုရင်ဆင်က ရေးပေးတာပါ။

မြန်မာပြည်ကခေါင်းဆောင်တွေအတွက် ဘယ်လိုလူတွေကရေးပေးသလဲ မသိပါ။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး