Tit-for-tat ဘတပြန် ကျားတပြန်

တရုပ်နဲ့ အမေရိကန် အပြန်အလှန် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေကြတယ်။ အမေရိကန်ကစတယ်။ ပွဲစတော့ နှစ်ဘက်နိုင်ငံ ကုန်ပစ္စည်းတန်ဖိုး ၃၄ ဘီလီယန် ပြီးခဲ့တဲ့သောကြာနေ့ကစတယ်။ နောက်ထပ် ဘီလီယန် ၂ဝဝ တန် တရုပ် ကုန်ပစ္စည်းတွေအပေါ် အခွန် ၁ဝ% တိုးကောက်မယ်။ တရုပ်ကလည်း တန်ပြန်မယ်။

အမေရိကန်က အခွန်တိုးကောက်မဲ့စာရင်းထဲမှာ စိုက်ပျိုးထွက်ကုန်၊ ဓါတ်သတ္ထုနဲ့ လူသုံးကုန်တွေ စုစုပေါင်း ၆ဝဝဝ ပါတယ်။

အမေရိကန်ကပြောတာက တရုပ်ဈေးကွက်ထဲမှာ အတတ်ပညာအသိပိုင်ဆိုင်ခွင့်ကို အလွယ်တကူပြောင်းခွင့်ရနေတာကို ရပ်စေချင်တယ်တဲ့။

အမေရိကန်ကုမ္ပဏီအတော်များများက အိမ်ဖြူတော်က အဲလိုလုပ်တာကို သဘောမကျကြပါ။

တရုပ်ကနေဝင်နေတဲ့ စမတ်ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ ကားတွေကိုလည်းထိခိုက်မယ်။ တရုပ်မှာသွားထုတ်နေတဲ့ Tesla နဲ့ Chrysler အမေရိကန်ကားကုမ္ပဏီတွေ ထိခိုက်မယ်။ အမေရိကန်ထုတ်ကုန်တွေ တရုပ်ပြည်မှာရောင်းတာ ၂၅% အခွန် တက်တော့မယ်။

ဘတပြန် ကျားတပြန် ကုန်သွယ်ရေးစစ်ပွဲကြောင့် တောင်ကိုရီးယား၊ စင်္ကာပူနဲ့ တိုင်ဝမ်တို့လည်း ထိခိုက်မယ်။ အရင် ၁၉၂၉-၁၉၃၄ တုန်းကအဲလိုလုပ်လို့ နှစ်နိုင်ငံကုန်သွယ်ရေး ၆၆% ကျဆင်းခဲ့တယ်။ တခြားတိုင်းပြည်တွေကို ဘယ်လောက်ထိ ထိခိုက်မလဲ မှန်းရခက်တယ်။

တရုပ် ရှော့ရသွားတယ်လို့ သတင်းတွေကရေးတယ်။ ဘီလီယန် ၂ဝဝ တန်အခွန်တိုးမှာက လာမဲ့စက်တင်ဘာမှာစမယ်။ တရုပ်အစိုးရက လက်မခံနိုင်လို့ပြန်ပြောတယ်။ တန်ပြမယ်တဲ့။ တရုပ်ဘက်က ဘယ်လိုတန်ပြန်နိုင်သလဲ။

တရုပ်အတွကရွေးစရာလမ်း အမေရိကန်လောက် မများပါ။ အမေရိကန်ကုန်တွေသွင်းတာ ပြီးခဲ့တဲ့နှစ်မှာ ၁၃ဝ ဘီလီယန်သာရှိတယ်။ အမေရိကန်သွင်းတာက ၂၃၄ ဘီလီယန်။ ဒါပေမဲ့ အမေရိကန်စီးပွါးရေးကိုခက်ခဲစေအောင် တရုပ်က လုပ်နိုင်တယ်။ တင်းကြပ်တာ စစ်ဆေးတာတွေပိုလုပ်နိုင်တယ်။

တရုပ်ကနေ အမေရိကကို အကြွေးနဲ့ ဘွန်း ၁ ထရီလီယန်ပေးထားတာကို တဆင့်ရောင်းလိုက်နိုင်တယ်။ အဲလိုသာဆိုရင် အမေရိကမှာ ငွေးချေးရတာပိုကုန်ကျလိမ့်မယ်။ အဲလိုသာလုပ်ရင် တရုပ်မှာလည်း ဘွန်းတန်ဖိုးတွေကျမယ်။ မနေ့က အာရှဈေးကွက်တွေ ၁့၂၊ ၁့၅ နဲ့ ၁့၈ အထိကျဆင်းသွားတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး