Tito–Stalin Split ဘောလုံးပွဲများ၏ နောက်ခံသမိုင်း

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ်လ်ပွဲစဉ်တခုမှာ ရုရှားကို ခရိုယေးရှာက ပင်နယ်လ်တီနဲ့ အနိုင်ရသွားတယ်။ ရုရှားဆိုတာ အရင်က ဆိုဗီယက်ယူနီယံခေါင်းဆောင်။ ခရိုယေးရှားက ယူဂိုဆလားဗီးယားထဲက။ ဆိုဗီယက်ကွန်မြူနစ်နဲ့ ယူဂိုဆလားဗီးယား ကွန်မြူနစ်တို့က တည့်လိုက် မတည့်လိုက်။

ယူဂိုဆလားဗီးယားဆိုတာ ဆာဗို-ခရိုယေးရှား၊ ဆလိုဗီးနားနဲ့ မက်ဆီဒိုနီးယားတွေကိုပေါင်းထားခဲ့တာ။ ပဌမကမ္ဘာစစ်ပြီးမှ ပေါ်ပေါက်လာတာ။ ဂျိုးဆစ် ဘရော့ဇ် တီးတိုးဟာ ယူဂိုဆရားဗီးယား ကွန်မြူနစ်တော်လှန်ရေးခေါင်ဆောင်ဖြစ်ပြီး ၁၉၄၃ ခုနှစ်ကနေ ကွယ်လွန်တဲ့ ၁၉၈ဝ အထိအုပ်စိုးခဲ့သူဖြစ်တယ်။ မာရှယ်တီးတိုးလို့ ခေါ်ကြတာများတယ်။ သူကွယ်လွန်ပြီးတဲ့ နောက်မှာ ယူဂိုဆလာဗီးယားဟာ ခရိုယေးရှား၊ ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီးယား၊ ဘော့စနီးယား ဟက်ဇာဂိုဗီးနားနဲ့ ဖက်ဒရယ် ယူဂိုဆလာဗီးယား (ဆားဗီးယား + မွန်တီနေဂရိုး) ရယ်လို့ အစိတ်စိတ်ကွဲသွားတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်း အမေရိကန် လက်ျာအုပ်စုနဲ့ ဆိုဗီယက် လက်ဝဲအုပ်စုတို့ စစ်အေးကာလမှာ အကြီးအကျယ် ယှဉ်ပြိုင်ခဲ့ကြတယ်။ ဆိုဗီယက်ဘက်မှာ ယူဂိုဆလာဗီးယားနဲ့ တရုပ်ကွန်မြူနစ်က ပါခဲ့တယ်။ နောက်တော့ လက်ဝဲအုပ်စုထဲမှာ သဘောထားမတူတာတွေဖြစ်ပြီး ကွဲပြဲကုန်တယ်။ ယူဂိုဆလားဗီးယားနဲ့ ယူအက်စ်အက်စ်အာကွဲတာကို Tito–Stalin Split တီးတိုး-စတာလင် အကွဲအပြဲလို့လည်းခေါ်တယ်။ ၁၉၄၈ ခုနှစ်မှာ Cominform ကွန်မင်ဖေါင်းအုပ်စု ထဲကနေ ယူဂိုဆလားဗီးယားကို ထုတ်တဲ့အထိဖြစ်တယ်။ ၁၉၉၅ ခုနှစ် ရောက်တော့ ဆိုဗီယက်ယူနီယံ ခေါ် ယူအက်စ်အက်စ်အာပါ ပြိုကွဲသွားတော့တယ်။

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး