Very English အင်္ဂလိပ်လို တွေးသလား

ကွန်မင့်တခုမှာ တော်ဖုရားလေးက ဒေါက်တာသန်းထွန်းကို အင်္ဂလိပ်လိုတွေး အင်္ဂလိပ်လိုရေးတယ်လို့ ပြောဘူးတယ်။ ဆရာလည်း အင်္ဂလိပ်လိုတွေး ရေးတယ်ထင်။ ကျနော့်အတွက် တချို့အမြင်တွေ အရမ်းလှပြီး ဆန်းနေတယ်။

ကျွန်တော်က အတည့်သာ ဖတ်တတ်တယ်။ မြန်မာစာဆို မြန်မာစာလို၊ အင်္ဂလိပ်စာဆို အင်္ဂလိပ်လို။

မေးခွန်းတွေထဲမှာ ပြီလို့ရေးရမှာကို တချို့က အင်္ဂလိပ်ပီနဲ့ရေးကြတယ်။ ကျွန်တော့်အတွက်တော့ ခွ (ဂွ) ကျတယ်။

ရင်းနှီးသူတယောက်က ဖေ့စ်ဘွတ်မှာ အိမ်ပြန်ဘီတဲ့။ သူကတော့ စကားပြောသံလုပ်ပြီး ဘီလို့ရေးတာမှန်းသိပေမယ့် ပြောင်ချင်လို့ ပြန်ရေးလိုက်ပါတယ်။

ပြန် B လား A ၊ လမ်းမှာလူတွေ C နေတယ်။ D ကို လာလည်ပါဦး။ တချို့လူတွေက လက်ကနေ့ ထွက်တယ်။ ကန်တော့ပါ။

ကျွန်တော်တွေးတဲ့ အင်္ဂလိပ်လိုက အဲတာပဲဗျာ။ ဘိုလိုတော့ မတွေးတတ်ပါ။ ဗိုလ်လိုလည်း မစဉ်းစားတတ်ပါ။ ကိုယ့်ဆီလာတဲ့ မေးခွန်းတွေကိုသာ တည့်တည့်လေး တွေးပါတယ်။ မတည့်တာတွေလာရင် ခွ (ဂွ) ကျတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး