Who လက်မှတ်ထိုးပါ

ညီတော်မောင်က မန္တလေးကနေ ဖုန်းဆက်ရင်းပြောတယ်။ (ကို) မင်းကိုနိုင်ရေးတဲ့ကဗျာတပုဒ်ကို အဓိပ္ပါယ်ရှိလွန်းလို့ သဘောကျကြောင်း။ ပုံဆွဲစက္ကူပေါ်မှာ ကိုယ်ကြိုက်တဲ့ပန်းချီ ရေးနိုင်ကြတယ်။ ဆွဲပြီးရင်တော့ လက်မှတ်ထိုးခဲ့ပါလို့ ဆိုလိုတဲ့ကဗျာတဲ့။

ပန်းချီပုံတွေ မတူတာရေးဆွဲကြတယ်။ ကဗျာတွေစာတွေ အမျိုးမျိုးရေးသားသီကုံးကြတယ်။ ကောင်းတာတွေကို ချီးမွမ်းကြတယ်။ အမည်မသိစာဆိုတချို့လည်း ကောင်းတဲ့ကဗျာတွေရေးထားတာကို မှတ်တမ်းတင်ထားတယ်။

ကျွန်တော်လည်း ဘယ်သူ့လက်ရာလို့ပါမှ သဘောကျတယ်။ လက်မှတ်ထိုးပြီး အမည်ပါရေးစေချင်တာ။ နေ့စွဲလည်း ရေးစေချင်တာ။ ဒါမှ ဘယ်ခေတ်မှာ ဘယ်သူကလို့ သိနိုင်ကြမှာ။

ပုံကတော့ ၂-၃-၂ဝ၁၆ နေ့က ကျွန်တော့အိမ်ကို စာပို့သမားက အထုပ်နှစ်ခုပေးတော့ သူ့ LCD Signature Pad ပေါ်မှာ လက်မှတ်ထိုးပေးရတာပါ။ ကိုယ်ထိုးတဲ့လက်မှတ်က ဆခရင်မှာ သွားပေါ်တယ်။ နေ့စွဲသာမက အချိန်နာရီအတိအကျ။

သမိုင်းကြတော့ ကောင်းတာရော ဆိုးတာကိုပါ ထိုးမြဲလက်မှတ်၊ လူအမည်၊ ရာထူးတာဝန်နဲ့ နေ့စွဲပါသိချင်တယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲနေ့နဲ့ ပင်လုံညီလာခံဖွင့်ပွဲနေ့တွေတော့ လူတိုင်းသိကြတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး