A Long Question အလွန်ရှည်တဲ့ မေးခွန်းတခုရတယ်

ဆရာရှင့် မ အသက် ၃၅ ကျွန်မရောဂါလေးအကြောင်းမေးမြန်းပရစေရှင့့်

အလွန်ရှည်တဲ့ မေးခွန်းတခုရတယ်။ ၃ မျက်နှာရှိတယ်။ ၁၄ ပိုဒ်ခွဲထားတယ်။
Pages 3
Words 68
Characters (no space) 3,411
Characters (with space) 3,477
Paragraph 14
Lines 52

သတ်ပုံမှာ တစ် (၁၄) လုံးကိုတော့ မပြောလိုတော့ပါ။၏

အရိုးမာဘာမှမဖြစ်ဘူးလို့ပြောတယ်လို့ရေးတာ မှားနေတယ်။ အရိုးမှာလို့ ရေးသင့်တယ်။ အရိုးမာနဲ့ အရိုးပျော့လို့ရှိတော့ ရောထွေးနိုင်တယ်။ အရင်ကလည်း တယောက်က ဆရာရှင့် အိမ်မာရေကျောက်ပေါက်နေတဲ့ကလေးရှိပါတယ်ရှင့် ရန်ကုန်မာနေပြီး အိမ်ကိုလာနေတုန်းဖြစ်လာတာပါရှင့်လို့မေးတာနဲ့ မာသောရန်ကုန်ဆိုပြီး စာတပုဒ်ရေးလိုက်တယ်။ 

မာ
ကျန်းမာရေး
စွန့်လွန်းတမာ = ရဲရဲဝံ့ဝံ့စွန့်စားခြင်း
တမာ
မာကျူရီ
မာချာ
မာဃနက္ခတ်
မာဆရိုက်ချည်
မာဏဝလုင်
မာတလိနတ်
မာတာမိခင်
မာတိကာ
မာတုဂါမ
မာန
မာနထောင်သည်
မာယာ
မာယာဒေဝီမိဘုရား (မာယာဒေဝီမိဖုရား)
မာရသွန်
မာလကာပင်
မာလကျင်ပိတ်
မာလိမ်မှူး
မာလီ
မာသလေးပါး
မာကျော
မာရေကျောရေ
အသားမာ

နဲ့ ဒါမှမဟုတ် နှင့် ရေးရမှာကို နက်လို့ရေးတာ ၅ လုံးပါတယ်
၁။ သျှင်ပါဂူကဆရာကြီးဦးချစ်စိုးနက်ပြပါတယ်
၂။ အဲ့ဒီလိုနက်ဆေးသောက်လိုက်ပျောက်လိုက်
၃။ အဲ့ဆေးတွေနက်မသက်သာတဲ့အပြင်
၎။ အဲ့တာနက်ဆရာကြီးဦးဝင်းသန်းက
၆။ ဆရာကြီးမရှိတော့ကိုယ်စားနက်ပြခဲ့ရတယ်

နက်
အနက်ရောင်
နက်ကျော
နက်ကြုတ်
နက်ချိပ်
အသားနက်သည်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နက်နဲခက်ခဲလှသည်
အဓိပ္ပါယ်အတိမ်အနက်
နက္ခတ်တာရာ

နဲ့
နုန့်နဲ့သည်
သွားနဲ့သည်
သည်အဝတ်အစားနဲ့ လှသည်
လှုပ်တိုင်းနဲ့သည်
ထော့နဲ့ထော့နဲ့ သွားနေသည်
ချည့်နဲ့နဲ့သာ ကျန်တော့သည်
နှဲ့၍ နဲ့
နင့်နင့်သီးသီး

နင့်
စားပို့နင့်တတ်သည်
နင့်နေအောင် မစားရ
နင့်နင့်သီးသီး မပြောအပ်

သတ်ပုံမှားလည်း ဖြေပါတယ်။
1. ASD (1) နှလုံးအပေါက် (၁) http://doctortintswe.blogspot.com/2014/11/atrial-septal-defects-asd.html
2. ASD (2) နှလုံးအပေါက် (၂) https://doctortintswe.blogspot.com/2015/05/asd-2.html
3. Atrial Septal Defects (ASD) နှလုံး-အပေါက် http://doctortintswe.blogspot.com/2014/11/atrial-septal-defects-asd.html
4. Congenital Heart Disease မွေးရာပါ နှလုံးရောဂါ https://doctortintswe.blogspot.com/2018/08/congenital-heart-disease.html

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး