Alternative Medicine ဘိုဆေးနဲ့ ဗမာဆေး

ဆရာရှင့် English ဆေး နှင့် Burma ဆေးတွဲသောက်လို့ရလားရှင့်

တွဲသောက်လိုတဲ့ English ဆေး နှင့် Burma ဆေးတွေရဲ့ အမည်သိပါသလား။ လူနာ ကျား-မ သိစရာလိုတယ်။ အသက်လိုတယ်။ ရောဂါအစစ်အမှန်အမည် သိစရာလိုတယ်။ ရမ်းဖြေလို့ မရ။

ဗမာဆေးဆိုတာ ဘာလဲ မေးရဦးမယ်။ တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ ဆေးမြီးတို၊ လမ်းဘေးဆေး၊ အရပ်ဆေး။

နောက်ပြီး အာယုဗေဒဆေး။ တရုပ်ဆေး။ ကုလားဆေး။ ကိုရီးယားဆေး။ ဂျပန်ဆေး။ အာရတ်ဆေး။ ဟိုဆေး သည်ဆေး။ နိုင်ငံပေါင်းက ၁၉၅ နိုင်ငံ။ နိုင်ငံတခုမှာ ဆေးနည်းက ရေတွက်မရအောင်များတယ်။ ဆရာဝန်ဆေးနည်း မဟုတ်တိုင်းတော့ ဘားမားဆေးလို့ ခေါ်တာမသင့်။

Alternative medicine ဆေးကုနည်းမှာ တခြားနည်းလမ်းတွေရှိပါတယ်။
• Herbal medicine အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေက ထုတ်တဲ့ဆေးတွေ၊
• Traditional Chinese medicine တရုပ်တိုင်းရင်းဆေးတွေ၊
• Homeopathy ဟိုမီယိုပသီဆေးတွေ၊
• Naturopathic medicine သဘာဝဆေးတွေ။
• Acupuncture အပ်စိုက်နည်း၊
• Chiropractic and Ayurvedic အာယုဗေဒနည်း၊
• Energy medicine အင်နာဂျီဆေးတွေ၊
• Magnetic field therapy သံလိုက်ဓါတ်သုံး ကုသနည်း၊
• Aromatherapy အမွေးနံ့သာနဲ့ ကုသနည်း၊
• Oxygen therapy အောက်စီဂျင်သုံးကုသနည်းတွေပါတယ်။
• ဒါတွေအပြင် ဘုရားကုနည်း၊ အထက်လမ်းနည်း၊ အောက်လမ်းနည်း၊ ဓါတ်စာနည်း၊ စတာတွေလည်းရှိသေးတယ်။

Alternative medicine တခြားဆေးကုနည်းများ https://doctortintswe.blogspot.com/2015/05/alternative-medicine.html

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး