The Ava Bridge အင်းဝတံတား ခေါ် စစ်ကိုင်းတံတား

အခုပဲ ပုံတခုတွေ့လို့။ ကျေးဇူး။ အင်းဝတံတားကို စစ်ကိုင်းတံတား၊ ဧရာဝတီတံတား၊ ရတနာပုံတံတားလို့လည်း ခေါ်ကြပါတယ်။

ဗြိတိသျှလက်ထက် ၁၉၃၄ မှာ တည်ဆောက်ခဲ့တယ်။ 16 span cantilever bridge အမျိုးအစားလို့ မှတ်တမ်းမှာ ဖတ်ရတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကနေ ဆုတ်ခွါသွားတဲ့ ဗြိတိသျှတပ်ကပဲ ဖျက်ဆီးခဲ့တယ်။ လွတ်လပ်ရေးရပြီး ၁၉၅၄ မှာ ပြန်ပြင်တယ်။ ကျွန်တော်တို့ကျောင်းသားဘဝမှ ၁၁ ဂုံးသာရှိတယ်။

အင်္ဂလိပ်လို Ava နဲ့ ပေါင်းတာကို အခုတော့ Inwa လို့ပြောင်းခိုင်းထားတယ်။ Ava စာလုံးက ဂေဇက်ဝင်ပါ။ အိန္ဒိယ ဘုရင်ခံချုပ်မှ အင်းဝရွှေနန်းသို့ပေးစာဆိုတာရှိတယ်။

မြန်မာပြည်မှာ အင်္ဂလိပ်စာစသုံးလာတာ ကုန်းဘောင်ခေတ်ကတည်းကဖြစ်တယ်။ ဗြိတိသျှကိုလိုနီခေတ်မှာ တွင်တွင် ကျယ်ကျယ် သုံးခဲ့တယ်။ အဲဒီအချိန်ကတည်းက အစိုးရဂေဇက်မှာ အင်္ဂလိပ်စာသုံးခဲ့တယ်။ စာလုံးပေါင်း မလွဲအောင် ရေးသားကြရတယ်။ မြို့အမည်တွေ သတ်သတ်မှတ်မှတ်ရှိခဲ့တယ်။ Prome ပြည်မြို့၊ Ava အင်းဝ၊ Akyab စစ်တွေမြို့၊ Tavoy ထားဝယ်မြို့၊ Allanmyo & Myede အောင်လန် (မြေထဲ) မြို့၊ Bagan ပုဂံ၊ Pegu ပဲခူး၊ Mergui မြိတ်၊ Rangoon ရန်ကုန်မြို့နဲ့ Irrawaddy ဧရာဝတီ၊ Burma မြန်မာနိုင်ငံ စသဖြင့်ရှိခဲ့တယ်။

စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်ကစပြီး တိုင်းပြည်အမည်စာလုံးပေါင်းကအစ မြို့အမည်တွေကိုပါ ပြောင်းလိုက်တယ်။ အခုထိ အသားမကျသေးပါ။ ကွန်ပြူတာစနစ်သုံးတဲ့နေရာတွေမှာ ခက်တာတွေရှိတယ်။

၂၀၁၈ ခုနှစ် နွေရာသီမှာ အလည်ပြန်တော့ တံတားအသစ်ကနေ အဟောင်းကို လှမ်းကြည့်ရတယ်။ တံတားဟောင်းပေါ်မှာ အခေါက်ပေါင်းများစွား သွားလာဖြတ်သန်းခဲ့ရတယ်။ မုံရွာ မန္တလေး ရထားက ၃ ကျပ် ပြား ၆၀ နဲ့ ရန်အောင်မန်းကားခ တကျပ်ခွဲခေတ်က။ အဟောင်းတွေမှန်သမျှ ဈေးချိုတယ်။ လွမ်းစရာ ချစ်စရာ သံဝေဂယူစရာ ပုံပြင်တွေရှိတယ်။ သမိုင်းတွေရှိတယ်။ စာလုံးပေါင်းအမှန်တွေ ရှိတယ်

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး