တရံတခါ ပွင့်နိုင်ကြရကား

တောင်မြို့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားစီရင်တဲ့ ၁၃၂၁ ခုထုတ် အလင်္ကာဘာသာဋီကာ စာမျက်နှာ ၁၃၁ ပါ သတ်ပုံအတိုင်းဖြစ်ပါတယ်။

ရေ၌ပွင့်နေကျဖြစ်သော ပဒုမ္မာစသော ပန်းတို့သည် ကုန်း၌ပွင့်ကြကုန်၏ဟုဆိုလျှင် အရပ်ဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဒေသဝိရောဓိဒေါသ သင့်၏။ ဘုရားအလောင်း၏ တန်ခိုးတော်ကြောင့် ပွင့်ကြသည်ဟု ဘုရားအလောင်းတန်ခိုးကို ထည့်စွက်လိုက်ခြင်းကြောင့် တရံတခါပွင့်နိုင်ကြရကား ထိုဒေသဝိရောဓိဒေါသပြေ၏။

တစ်ရံတစ်ခါပွင့်နိုင်ကြရကား မဟုတ်ပါ။ ဆရာတော်ကြီးထက် မြန်မာစာတော်သူတွေလို့ ကိုယ့်ကိုယ်ကို ထင်မှတ်မှားနေသူများ သိစေအပ်ပါကြောင်း။ ဒေသဝိရောဓိဒေါသနှင့်တကွ ကာလဝိရောဓိဒေါသ ပြေပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး