ကဗျာရယ်တော့ မဟုတ်ပါ

တူတော်မောင် ညောင်ကန်သားက ပန်းပျိုးပင်တွေယူလာပြီး ရွာစာသင်ကျောင်းမှာ လှူတယ်ဆိုလို့။

ပုပ္ပါး တောင်တော်သာ
ပန်း စကားဝါ
ညောင်ကန်မှာ ယူလာစိုက်။

စကားဖြူလည်းပါ
ပွင့်ချိန်မှာ နောက်တခါ
အလည်သာ ရောက်ချင်လိုက်။

သူ့အန်တီလည်း ပုပ္ပါးကို အလည်သွားခဲ့သေးတယ်။

ပုပ္ပါးမှာ နေပူပူ
ညောင်ကန်သူ ပန်းဝယ်တုန်း။

သူ့ခေါင်းမှာ ပန်လို့လာ
ဖြူဖွေးတဲ့ စပယ်ပါ
သည်တခါ စကားဝါနဲ့ နှစ်နှစ်ကာပြုံး။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး