ရွှေနန်းသုံး ဝေါဟာရအဘိဓါန်

ရွှေနန်းသုံး ဝေါဟာရအဘိဓါန်စာအုပ်ရလာတယ်။ အဖုံးပါ မြန်မာစာသတ်ပုံကစပြီး တင်ပြချင်တယ်။ လူအတော်များများက (ဓ) ဆိုတိုင်း (ဓာ) နဲ့ရေးမှသာ မှန်တယ်လို့ ထင်နေကြတာ မဟုတ်ပါ။ အရင်က စာဖတ်တဲ့သူတွေ မျက်စိရှင်းအောင် (ဓါ) လို့ရေးကြတာ များတယ်။ နှစ်မျိုးလုံး မှန်ပါတယ်။

စာအုပ်က လက်နှိပ်စက်မူဖြစ်တယ်။ ခုခေတ်လို ကွန်ပြူတာစာရိုက် လေဆာပရင်တာနဲ့ထုတ်တာတွေထက် မြန်မာစာရေးသားတာ မှန်တယ်။ နမူနာလေး နည်းနည်းသာတင်ပြမယ်။

ဧကရာဇ်မင်းမြတ်အကြောင်း

မင်းဧကရာဇ်ဟူသည်မှာ။   ။ ဧကသဒ္ဒါ - တခုသောအနက် အတူမရှိ အမြတ်ဟူသော အမည်များကိုရသည်။ အတူမရှိ မြတ်သာမင်း ဆိုလိုသည် - အဓိပ္ပါယ်ယူရမည်ဟူ၍ ရာဇသေဝက ဒီပနီကျမ်းကဆိုသည်။

ဧကရာဇ်မင်းမြတ်တို့ ဆောင်ရွက်တော်မူမြဲကိစ္စမှာ တနေ့သုံးယံညီလာခံခြင်း၊ တိုင်းရေးပြည်မှု သာသနာမှုနှင့်တကွ ကိုယ်တော်ရေးမှစ၍ တိုင်ပင်တော်မူသင့်သည်များကို တိုင်ပင်နှီးနှောတော်မူခြင်း၊့

မှတ်ရန်မှာ -
တစ်ခုသောအနက် မဟုတ်ပါ။ တစ်နေ့သုံးယံ မဟုတ်ပါ။ နှင့်တစ်ကွ မဟုတ်ပါ။ စာအုပ်တအုပ်လုံးမှာ သတ်ပုံမှန်တွေနဲ့သာ ရိုက်နှိပ်ထားပါတယ်။ နောက်မှ ပလီပြီးပြင်ထားတဲ့ တစ်သတ်ပုံတွေ မဟုတ်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး