ရွှေနဲ့ယိုးမှား ပန်းစကား

ဆင်တူရိုးမား နဲ့ ဆင်တူယိုးမှား၊ ဘယ်ဟာက မှန်ပါသလဲဆရာ။

ဆင်တူယိုးမှားက မှန်မယ်ထင်ပါတယ်။ မားမားမတ်မတ်နဲ့ ကီးမား ခေါ် အသားစဉ်းကောမှာသာ မားကိုသုံးတယ်။ လူအမည်တွေရှိတယ်။ မားမားလို့ခေါ်တာရှိတယ်။

မှားကိုတော့ မှားယွင်း၊ အမှား၊ အယောင်ယောင်အမှားမှား၊ အမှတ်မှား၊ လမ်းမှား၊ အယူမှား၊ သတ်ပုံမှား။

ယိုး
ယိုးဒယားသီချင်း
ယိုးမယ်ဖွဲ့သည်
ယိုးယား = ရှောင်ရှားသည်
ယိုးစွပ်သည်
ယိုးစွဲ (စွပ်စွဲ)
ယိုးစွဲလိုက်
ယိုးမယ်ဖွဲ့သည်
ယိုးမှားကြော်
ပြယိုးကျောက်
သူခိုးဟုယိုးသည်

ရိုး
ကမ်းရိုးတန်း
ကျိုက်ထီးရိုး
ခံနိုင်ရိုးလား
ငဖေါင်ရိုး
စုပ်ပါရိုးလား
တူနိုင်ရိုးလား
ဓါးရိုးလှံရိုး
ကြိရိုင်းပင်
မုရိုးစည်
မြစ်ကမ်းရိုး
ရိုးကူးတံတား
ရိုးတွင်းခြင်ဆီ
ရိုးဖြတ်ကောက်
ရိုးရာစရိုက်
ရိုးရာစရိုက်
ရိုးကျပင်
ရိုးခနဲရိပ်ခနဲ
ရိုးတိုးရွတ
ရိုးတိုးရိပ်တိတ် (အွန်လိုင်းသတ်ပုံမှာ ရိုးတိုးရိပ်တိပ်ုဖြစ်နေ)
ရိုးပိန်ဆံမာ
ရိုးပြတ် (ကောက်ပင်)
ရိုးရင်း
ရိုးရာဓလေ့
ရိုးရိုးကုပ်ကုပ်
ရိုးရိုးတန်းတန်း
ရိုးရိုးရွရွ
ရိုးရဲသောအရောင်
ရိုးသားဖြောင့်မတ်
ချောင်းရိုး မြောင်းရိုး
ပြောရိုးဆိုရိုး

ပုပ္ပါးနတ်တောင်

သိုးကလေး
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ရိုးမှား ပန်စကား။

သိုးကလေး
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မယ့်သည်ပင်သည်ခရီးသား။

သိုးကလေး
မြိတ်လွတ်စုလည်း
အငယ်တည်းက
ကျွမ်းဝင်ကြသည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြားစောင့်တရား။

ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိတုမရှိ။

ပုဂံခေတ်၊ အမည်မသိရှေးစာဆို။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး