ကိုယ်တော်အတွက် မှတ်နေတာ

ကျွန်တော် မြန်မာစာသတ်ပုံအကြောင်း အမြင်ကတ်လောက်အောင် ရေးနေမိတယ်။

လှတောသားတော မဟုတ်။ လှတောနားကလာသူတွေပြောတဲ့ သူတို့ရွာဆရာတော်နဲ့ တူနေမှန်းသိပါတယ်။

ဆရာတော်က ဘုန်းကြီးကျောင်းသားတွေကို စာအံခိုင်းတယ်။ ငယ်ရွယ်သူတွေဖြစ်တော့ ပျင်းကြတာပေါ့။
ဘုန်းကြီးက စိတ်မရှည်
ဟေ့ကောင်တွေ စာကျက်ခိုင်းတာ မင်းတို့အတွက်ကွလို့ ငေါက်ငမ်းပါသတဲ့။
အဲတော့ ကျောင်းသားတွေက ပြန်လျှောက်ပါတယ်။
ဆရာတော်အတွက် မှတ်နေတာ။ တပည့်တော်တို့အတွက်ဆို နေပါစေတော့ဘုရားတဲ့။

ကျွန်တော့်အတွက် မဟုတ်ပါ။ မေးခွန်းကို သတ်ပုံပြင်ပေးပြီး ဖြေပါတယ်။

ကိုယ့်တိုင်းပြည်ကစာအတွက်ဆို နေပါစေတော့သမား များနေသေးတယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၆
၆-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး