ပန်းသည်

မောင်လေးရေ ထပါတော့
ရောင်နီ လာလှပေါ့။

တကြော့နှစ်ကြော့ တေးကိုသီ
ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။

ပန်းသယ်လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။

ကျွန်တော့်မှတ်ချက် -
ဆရာမင်းသုဝဏ်ကဗျာဖြစ်ပါတယ်။ ပန်းသည်က စံကိုက်သတ်ပုံဖြစ်ပြီး ကဗျာ တွေသီချင်းတွေမှာ ပန်းသယ်လို့လည်း ရေးကြပါတယ်။ တစ်ကြော့နှစ်ကြော့ တေးကိုသီလို့တော့ မရေးပါ။ တစ်ပြုံးပြုံး၊ တစ်ကုံးကုံးလို့လည်း မရေးခဲ့ကြပါ။

ပုံ မုံရွာသူ လင်းလက်ကြည်

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး