တချိန်က

ဘီဘီစီကတင်ထားတာ တွေ့တယ်။ ဒီနေ့ ခေတ်လူငယ်တွေ ဘယ်လိုစာပေတွေ လေ့လာနေလဲ၊ ဘာတွေက အခက်အခဲဖြစ်နေလဲ၊ ဘာတွေဖြည့်ဆည်းဖို့ လိုနေလဲ့ ဒီအကြောင်းတွေကို မန္တလေးတက္ကသိုလ်ဝန်းထဲမှာ ကျင်းပခဲ့တဲ့ လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်မှာ တက္ကသိုလ်ကျောင်းသူတွေနဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်းက ဆွေးနွေးထားပါတယ်။

ကျွန်တော် ဆေးကျောင်းသားဘဝမှာ မန်း ဝ/သ မိန်းအဆောက်အဦကြီးနောက်ဘက် လှေကားထစ်တွေအထက်က ရင်ပြင်မှာ စာပေဟောပြောပွဲတွေလုပ်တာ ၃-၄ ခါ သွားနားထောင်ခဲ့ဖူးတယ်။ ပါချုပ် ဦးကျော်ရင်ကို မီလိုက်တယ်။ ကျောင်းသားထဲက အပြောအဟောကောင်းသူတွေလည်း ပါတယ်။ မြကေတု ခေါ် မြန်မာစာပါမောက္ခ ဦးချမ်းမြက ဆေးမန်းကိုလာပြီး ဟောပြောတာ၊ ကာချင်းကို ဆိုပြတယ်။

လူထုဦးလှဟောပြောတာတွေ သွားနားထောင်ရတယ်။ ဒေါ်အမာက သည်လောက်နာမည်မထွက်သေးပါ။ မောင်သာနိုး၊ မောင်စွမ်းရည်တို့က လူငယ်လက်တက်တွေ။ စာပေဝေဘန်ရေးတွေ အသံကျယ်လာချိန်။ ကြည်အောင်၊ တင်မိုး၊ ကိုလေး အင်းဝဂုဏ်ရည်တို့ကလည်း လက်သွက်နေပြီ။

ထုတ်သမျှစာအုပ်တွေမှာ သတ်ပုံမမှန်တာမပါ။ သတ်ပုံမှားရေမိရင် လူတိုင်းက ရှက်ကြတယ်။ ခုခေတ် မြန်မာစာ ပါမောက္ခတွေက ပေါ်လစီသတ်ပုံအတိုင်း တစ်ချိန်ကလို့ ရေးနေကြတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး