တပါးသော

သူငယ်ချင်း ဆရာဝန်အမျိုးသမီးတယောက်က တင်ထားတာ။ သတ်ပုံလည်းမှန်၏။ ကောင်း၏။

တပါးသောကို သတ်ပုံမှားရေးတာတွေ ဘယ်လောက်ရှိသလဲ ဂူဂယ်မှာရှာတော့ About 4 results (0.30 seconds) သုညဒသမ ၁ စက္ကန့်အတွင်း ၄ ခုတွေ့တယ်။

၁။ မင်းကွန်းဆရာတော်နဲ့ တိပိဋက... - Facebook
မင်းကွန်းဆရာတော်နဲ့ တိပိဋက •••••••••••••••••••••••••••••• သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ ...

၂။ Dhamma download web about Theravada Buddhism Vipassana ...
Translate this page
Oct 12, 2011 - ဤသို့ မိန့်တော်မူသည်ရှိသော် တစ်ပါးသော ရဟန်းသည် မြတ်စွာ ဘုရားကို ''အသျှင်ဘုရား နာဖျားသော ရဟန်း ...

၃။ Burmese news , Foring news , articles , poem ... - shwe community
Translate this page
Sep 27, 2010 - ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် တစ်ပါးသော သတ္တ၀ါကို. လက်ဖြင့်သောလည်းကောင်း၊ ခဲ တုတ် ...

၎။ လင်းကြယ်ဖြူ
Translate this page
Feb 3, 2011 - (တစ်ပါးသော အရပ်ဒေသတွေ မှာ ပညာရှာ၊စီးပွါးရှာနေကြရင်း လူမျိုးတူ အချင်းချင်း မတည့်သူတွေ ရော ၊
Images for တစ်ပါးသော

ရသစာတွေကတော့ ပြောမရ။ သုတစာတွေကတော့ ပြောမဖြစ်။ တရားစာတွေ သတ်ပုံမှန်ပါစေသတည်း။ ကဗျာဆရာတွေ မြန်မာစာဆရာတွေကတော့ တရားရပြီးကြပြီတဲ့။

အဲဒီလင့်တွေကို ဖေ့စ်ဘွတ်ကွန်မြူနတီစည်းကမ်းအရ တင်မရတဲ့။

ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး