ဆုံးမစာ

အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှုတ်ဆက်၊ ဘက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲသို့ မှတ်ပါလေ။

သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။

တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။

သေနှင့်အရက်၊ စီးပွါးဖျက်ကို၊ တစက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး