Book shelf ကျောင်းစာအုပ်စင်

မနေ့က ကျောင်းမှာ အမှတ်မထင် စာအုပ်စင်ကိုကြည့်တော့ ဒေါ်စုရေးတဲ့ မြန်မာပြည်ကပေးစာများစာအုပ် တွေ့တယ်။

ကျွန်တော်တို့ညနေကျောင်းက နေ့ခင်းပုံမှန်အထက်တန်းကျောင်းက အခန်းမှာပဲ ဆက်သင်ကြရတာ။ စာအုပ်စင်က နေ့ခင်းကျောင်းသားတွေအတွက် ဖြစ်ပါတယ်။

ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းကိုဖြစ်ဖြစ် ဒေါ်စုကိုဖြစ်ဖြစ် လိုတာထက်ပိုပြီး ချီးမွမ်းတာ မလုပ်ပါ။ လျော့ပြီးလည်း မလုပ်ပါ။

ကိုယ်ကိုးကွယ်တဲ့ဘာသာတရားကိုလည်း အတူပဲ။ ပကာသနဆန်တာတွေ မပါ။ အပိုမပါသလို လိုတာလည်း မရှိစေအောင် နေ့စဉ်နေ့တိုင်း ကြိုးစားပါတယ်။ ကိုယ်ကြည်ညိုကိုးကွယ်တဲ့ ဆရာတော်တွေကိုလည်း တန်ခိုးရှင်တွေလိုလို မပြောပါ။

အတည့်အမှန်ကြည့်မြင်တတ်ခြင်းဟာ အတော်ကိုခက်ခဲတယ်။ ကျွန်တော်လည်း ကြိုးစားနေဆဲ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး