Chocolate cyst ကျွန်တော်ဘယ်လိုရေးရေး ရောင်းရပါမယ်

ဆရာရှင့်သမီ:ရဲ့ဘယ်ဘက်သားဥအိမ်မှာ chocolate cyst ရှိပါတယ်ရှင့် og က ရာသီစက်ဝန်းပိတ်အောင် တားဆေးကို စားခိုင်းပါတယ်ရှင့် ၂၈လုံးပါတာကို သမီးက ၂၅လုံးအထိသောက်တယ်ရှင့် ကျန်တဲ့သုံးလုံး ကျန်တဲ့အချိန်မှာ ရာသီလာပါတယ်ရှင့် တကယ်လို့ သမီးက လုံးဝမလာအောင်လုပ်မယ်ဆိုရင် ၂၁လုံးဘဲသောက်ပီး ကျန်တဲ့ ၇လုံးကို မသောက်ဘဲ နောက်တကဒ် ၂၁လုံးကိုစသောက်ရင်ရလားရှင့် ရာသီမလာအောင် ကျေးဇူးတင်ပါတယ်ဆရာ

Chocolate cyst ချောကလက် ဆစ် https://doctortintswe.blogspot.com/2014/11/chocolate-cyst.html

ဟုတ်ကဲ့ပါဆရာရှင့် သမီးက ဘယ်ဘက် ovary မှာ chocolate cyst ရှိပါတယ်ရှင့် size က 3.8cm x 2.3cm ရှိပါတယ်ဆရာ ဟိုအရှေ့လက ရန်ကုန်ခဏပြန်တော့ပြကြည့်တာOG ကတားဆေးသောက်ခိုင်းပါတယ်ဆရာ ခွဲဖို့စုတ်ထုတ်ဖို့မလိုသေးဘူးတဲ့ အမကသောက်ခိုင်းလို့ fame ကထုတ်တဲ့ဆေး bio crush and soya min အပြင် turmeric powder and olive oil လည်းသောက်ပါတယ်ဆရာ အဲ့ဒီ့အပြင် သမီးထပ်ပီး life extension ကထုတ်တဲ့ vitamin d and k with sea iodine လည်းထပ်သောက်လို့ရလားရှင့် bio crush and so Yamin နဲ့တွဲပီးဆရာ သမီးက အသက် ၃၄အိမ်ထောင်သည်ပါဆရာ အခု့ မှာအလုပ်လုပ်နေပါတယ် ဒီမှာပြတာ ဈေးအရမ်းကြီးလို့ပါဆရာ og ကတော့ ကလေးမြန်မြန်ယူဖို့ပြောပါတယ်ဆရာ ကလေးရနိုင်လား မရနိုင်လားတော့ မသိပါဘူးဆရာ ကျေးဇူးတင်ပါတယ်ဆရာ

ချောကလက်ဆစ်စာ ပို့ထားပြီး။ မေးခွန်းတဲပါဆေးတွေက ကြော်ငြာဆေးတွေသာဖြစ်တယ်။ ကြော်ငြာဆေးဆိုတာ ပိုက်ဆံလိုချင်လို့ရောင်းတာ။

ဆေးရောင်းသူတွေ ပူစရာမလို။ ကျွန်တော်ဘယ်လိုရေးရေး ရောင်းရပါမယ်။ ကွန်ဂရက်ကျူလေးရှင်း။

ချောကလက် ဆစ် ဘယ်လိုကုသမလဲ
(၁) ဆေးပေးနည်း
• NSAID အနာ-အကိုက်သက်သာဆေးတွေသောက်ရမယ်။ (စာတပုဒ်သပ်သပ်ရေးထားပါတယ်။)
• Hormonal contraception ဟော်မုန်းပါ ကိုယ်ဝန်တားဆေးပေးမယ်။ မျိုဥမထွက်တဲ့ ရာသီစက်ဝန်း ဖြစ်နေအောင် လုပ်ပေးမယ်။ ဒါကြောင့် ကလေးမရစေနိုင်ပါ။
• Progestational agents (Medroxyprogesterone), Danazol, Gestrinone, or Gonadotropin-releasing hormone agonists (GnRH) ဆေးတွေကိုသုံးတာ များတယ်။
• GnRH ဆေးကို estrogen နဲ့ progestogen ရောပေးတာလဲ လုပ်နိုင်တယ်။
• ဒီဆေးပေးနည်းတွေက အားလုံးကို ပျောက်စေတာတော့ မဟုတ်ပါ။ (ဆောရီး) ဘေးထွက်-ဆိုးကျိုးတွေလဲ ရှိပါမယ်။ ဥပမာ မျက်နှာနီမြန်းတာ၊ အရိုးထုထည်နည်းတာ၊ အသံနက်နဲတာ၊ ကိုယ်အလေးချိန်တိုးတာ၊ မျက်နှာမွှေးများတာ။

(၂) ခွဲစိတ်ကုသနည်း
• Laparoscopic surgical approaches ခွဲစိတ်ကိရိယာသုံးပြီး Ovarian adhesions မျိုးအိမ်မှာ တွယ်ကပ်နေတာတွေကို ရှင်းမယ်။ တချို့မှာ Surgical removal and excision ခွဲစိတ်ထုတ်ဘို့လိုမယ်။
• Laser surgery လေဆာနည်းနဲ့ Cauterization လျှပ်စစ်နည်းလဲသုံးပါတယ်။ ဒါပေမဲ့ သိပ်မထိရောက်တာ တွေ့ရတယ်။
• Endometrioma drainage နည်းနဲ့ Sclerotherapy နည်းတွေရှိပေမဲ့ သိပ်မကောင်းလှပါ။
• Conservative surgery ကလေးရနိုင်အောင် ထိန်းပြီးခွဲစိတ်နည်းကိုလဲ လုပ်ဘို့လိုတတ်တယ်။ သတိထားဘို့ရှိပြန်တာက
• FSH values ဟော်မုန်းတက်လာနိုင်ပြီး၊ မျိုးဥအိမ်အလုပ်ကိုနည်းစေနိုင်တယ်။
• Operative laparoscopic surgery ကိရိယာသုံးခွဲစိတ်နည်းကနေ မျိုးပွါးနိုင်ချေကောင်းစေနိုင်ပြီး၊ နာတာကို သက်သာစေနိုင်တယ်။
• Radical surgical options မရတဲ့အဆုံး အားလုံးထုတ်ပေးရတဲ့ခွဲစိတ်နည်းမှာ Singular or bilateral oophorectomy မျိုးဥအိမ်ကို တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ထုတ်ရတယ်။

ခွဲစိတ်ပြီး သားသမီး ရ မရ အာမခံချက်တော့ မရှိပါ။ ဆောရီး။ ရောဂါကိုတော့ စနစ်တကျ ကုသရပါမယ်။ ဆေးကုသနည်းတွေထဲမှာ မေးခွန်းထဲကဆေးတွေ တခုမှမပါ။ ကျွန်တော်က နိုင်ငံရေးမှားလည်း မအားနာ။ ဆောရီး။ မြန်မာစာမှာလည်း အားမနာ။ ဆောရီး။ ဆေးပညာမှာလည်း အားမနာ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး