Coffee Time Questions ကော်ဖီ မေးခွန်းများ

၁။ မင်္ဂလာပါ ဆရာရှင့် ကျွန်မ ညီမလေးပါ အသက်က ၁၈ နှစ်/ အပျိုပါ/ အသက် ၁၃ နှစ်မှာ ရာသီ စလာပါတယ်။ စလာကတည်းက အဖြူဆင်းပါတယ် အများကြီးတော့မဟုတ်ပါ။ ရာသီ လာနေစဉ်မှာလည်း ဗိုက် မခံနိုင်အောင် အောင့်ပါတယ်။ လာတိုင်း အောင့်ပါတယ်။ para ဖြစ်ဖြစ် တခြား အကိုက်အခဲပျော်ဆေး သောက်မှ သာ ပျောက်ပါတယ်။ အဲ့ဒါကလည်း ၃ ရက်လာရင် ၃ ရက်လုံး သောက်မှ ပျောက်ပါတယ်။ တနေ့ တခါတလေ ၂ လုံးလောက် သောက်ရပါတယ်။ OG ဆရာမကို 3-6-2018 နေ့က သွားပြပါတယ်။ Ultrasound ရိုက်တော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး ပြောတယ်။ hormone ဆေး သောက်ခိုင်းပြီး တလအကြာ ပြန်ပြခိုင်းပါတယ်။ ဆေးက Menoral 5 mg ပါ တနေ့ ၃ ကြိမ် ၃ ပတ် သောက်ပြီး တပတ်နားခိုင်း တလအကြာ ပြန်ပြခိုင်းတာပါ။ ကျွန်မသိချင်တာက hormone ဆေးတွေက နောက် အသက်ကြီးရင် စိုးရိမ်ရလားရှင့်။ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိတော့ ကလေးမရတာ ဖြစ်နိုင်လားရှင့်။ တခြား ဘာဆိုးကျိုးများ ရှိနိုင်သေးပါလဲရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျန်းမာပါစေ။

Menoral ကိုယ်ဝန်တားဆေးတမျိုး https://doctortintswe.blogspot.com/2014/11/noristerat.html
Norethisterone နော်အက်သီစတီရုန်း https://doctortintswe.blogspot.com/2016/07/norethisterone.html

၂။ အသက် ၃၉ နှစ် အိမ်ထောင်မရှိ ရာသီ ၃ ရက်ဆင်းပီးလာတိုင်းကိုက်ပါတယ်။ အစာအိမ်ရောဂါရှိ။ ခုဖြစ်တာက သားအိမ်မှာအလုံးရှလို ပထမ OGနဲ့ပြတာ 3.2ပဲရှိလို့ primolut N 6 လသောက်ပီး အာထရာဆောင်းရိုက်တာ 3.9ဖြစ်လာလို့Danafilပြောင်းပေးပါတယ်။ ဆေးပြင်းတယ်လို့လည်းပြောလိုက်ပါတယ်။ ဆေးကလည်း ဈေးကြီးတာကြောင့်ဆရာဝန်ပြောင်းပြပါတယ်။ OG ဆရာဝန်မကြီးကလူပဲကြည့်ပီးသွေးအရမ်နည်းနေပီ 7 /8 cm လောက်ရှိနေပီ သွေးတွေအရမ်းထွက်နေပီလို့ပြောပါတယ် ရာသီဆင်းရင်လည်းအရမ်းမများပါဘူးပြောတော့ ကိုယ်ထဲမှာ ထွက်နေတာလို့ပြောပါတယ် အလုံးကြောင့်သွေးအားနည်းတာလားရှင့်။ ဆေးနဲ့ထိန်းမရတော့ဘူးဆိုပီး ဘာဆေးမှလည်း မပေးတော့ဘူး။ Hemarexin ဆေးကို တနေ့၂ ကြိမ် ၁၀ ရက်သောက်ခိုင်းပါတယ်။ အရေးပေါ်ခဲဖို့ လိုလားဆိုတာ သိချင်လို့ပါ ဘယ်လိုကုသမှုခံယူရမလဲဆိုတာဖြေကြားပေးပါ ဆရာရှင့်။ ပုံပါပို့ထားပါတယ်ရှင့် ဆရာမကြီးက ခွဲမှဖြစ်မယ်ပြောလို့ပါရှင့်

Uterine Fibroid သားအိမ်အလုံး https://doctortintswe.blogspot.com/2017/12/uterine-fibroid.html

၃။ မင်္ဂလာ ပါဆရာ အသက်၎လ မိန်းကလေးပါ ချွဲထနေပါတယ် မိခင်ကအလုပ်တဖက်နဲ့မို့ ကလေးကိုနို့ဘူးတိုက်ရပါတယ် နို့မှုန့်တိုက်တာကြောင့်ချွဲပိုထတာလားမသိဖြစ်နေပါတယ်ဆရာ ဆေးခန်းလည်းပြရပါတယ်ခဏခဏ နို့မှုန့်ဆက်တိုက်လို့ ရလားဖြေပေးပါခင်ဗျ

ပါးစပ်ကဝင်တာကနေ အသက်ရှူလမ်းကို မသက်ရောက်စေနိုင်။
Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html

၎။ မင်္ဂလာပါဆရာ လူနာက အသက် ၃၃နှစ်ပါဆရာ သတိမေ့သွားပြီးသတိပြန်လည်လာတော့ ကျန်တာအကုန် မှတ်မိပါတယ် လူတယောက်ထဲကိုပဲကွက်ပြီးမေ့နေတာပါဆရာ အဲ့ဒါဘာရောဂါလဲဆိုတာသိချင်ပါတယ်ဆရာ ကျေးဇူးပါရှင့်

Memory loss သတိမေ့ခြင်း https://doctortintswe.blogspot.com/2015/03/memory-loss.html

၅။ ဆရာမင်္ဂလာပါရှင့် သမီးသားလေးက လမစေ့ပဲ သွေးအရမ်းဆင်းလို့စောမွေးပီး ၄ ပေါင်ပဲရှိပါတယ်ရှင့် အခုတော့ ၁နှစ် ၉လမှာ ပေါင် ၄၀ ရှိနေပါပီရှင့်ဒါပေမယ့် ပြေးဆော့တဲ့အခါတွေမှာ မောလာရင် ချောင်းအမြဲဆိုးပါတယ်ရှင့် စိတ်ပူတာက နှလုံးမကောင်းတာ အဆုတ်အားနည့်တာဖြစ်နေမှာစိုးရိမ်လို့ ဆရာ့ကိုမေးကြည့်တာပါရှင့် မွေးစမှာ နှလုံးစက် ခုတော့ သုံးထားရပါရှင့် ကျေးဇူးပြု၍ဖြေပေးပါနော်ကျေးဇူးတင်ပါတယ်ရှင့်

Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html

၆။ ကျွန်တော် တခုလောက်မေးပါရစေ ဆရာ။ ကျွန်တော့မှာ ၆ လ အရွယ် သမီးတယောက်ရှိပါတယ် ဆရာ၊အသက် ၇၀ ကျော် အမေလည်းရှိပါတယ်။ ဒါပေမယ့် အမေ့ မှာ ဘီ ပိုးရှိပါတယ်၊ခု ဆရာဝန်နှင့်ပြပီး ဆေးသောက်တာ ၄ လ ကျော်ပါပီဆရာ။ ကျွန်တော် အမျိုးသမီးက သမီးနဲ့ ကျွန်တော့်အမေကို ပေးမချီ ပါဘူးဆရာ။ သမီးကို ကူးနိုင်လို့တဲ့ ၊ အဲ့ဒါ ကျွန်တော့်အမေ က စိတ်မကောင်းဖြစ်ရပါတယ်ဆရာ။ ကျွန်တော့် အမျိုးသမီးကို အပြစ်မတင်သလို ကျွန်တော့် အမေ ကိုလည်း စိတ်ချမ်းသာစေချင်ပါတယ်ဆရာ။ ဖြေကြားပေးပါအုံး ဆရာ။ စာအရေးအသားမှားရင်လည်း တောင်းပန်ပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

Hepatitis B prevention အသည်းရောင်ဘီ ကာကွယ်နည်း https://doctortintswe.blogspot.com/2016/03/hepatitis-b-prevention.html

၇။ My sister has been suffering from stage 4 bowel cancer spread So that what kind of treatment and I would like to know that can she recover from stage 4 bowel cancer spread. I am so sad. Could you please tell me treatment and survival rate Age 27 Thank you

Colorectal cancer အူမကြီး ကင်ဆာ https://doctortintswe.blogspot.com/2015/03/colorectal-cancer.html

၇။ JUL 10TH, 4:03AM
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးပြီ့း့

JUL 10TH, 9:20AM
နောင်ဆိုရင်တော့ အဲလိုဟာတွေ မပို့စေလိုပါ။ ဆောရီး။

ဟုတ်ကဲ့ပါ

10:04AM
သင်သည်စာကို Share ပေးပါက -အသက်တချောင်းကိုကယ်တင်နိုင်မည်ဖြစ်ကြောင်းလေဖြတ်ထားခြင်းရှိမရှိသင်ဘယ်လို သိနိုင်မလဲ အသားကင်ဆိုင် တဆိုင်တွင် အမျိုးသမီး တဦး ချော်လဲကျသည်။့

11:26AM
၂ ခါရှိပြီဖြစ်လို့ ဘလော့ပါတော့မယ်။ ကျွန်တော်က နေမကောင်းလို့မေးတာတွေကို ဖြေနေတယ်။ မေးတာမှတ်လို့ ဖတ်တော့ အချိန်ပိုကုန်စေတယ်။

Nyi Nyi Boe Hlaing https://www.facebook.com/unyinyi.hlaing.3 Unfriend လုပ်လိုက်တယ်။ ဆောရီး။

၈။ ကျွန်တော် အသက်၂၀ပါ အရင်က ဆီးလမ်းကြောင်းပိုးဝင်ဖူးပါတယ် ပိုးသတ်ဆေးသောက်လို့လဲပျောက်သွားပါပြီ
ခုဆီးပြန်အောင့်နေလို့ အရင် ပိုးသတ်ဆေးတွေကို ပြန်သောက်သင့်လားဆရာ

Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ https://doctortintswe.blogspot.com/2014/11/medicine-for-diseases-of-urinary-tract_18.html

၉။ ဆရာ ကျွန်တော့အသက် ၅၀ပါ စပြီးသတိထားမိတာတော့ ၁၀နှစ်ဝန်းကျင်ခန့်ရှိပါပြီ ဝမ်းဗိုက်ရဲ့ညာဖက်ချမ်းအရေပြားပေါ်မှာဖြစ်ပါတယ် နာကျင်ကိုက်ခဲမှုလုံးဝမရှိပါ ကြီးထွားနှံးကလဲမမြန်ပါ အရပ်ခေါ်ကတော့ (မှဲ့နီ)လိုပြောကြပါတယ် အန္တရာယ်ပေးနိုင်ပါသလားဆရာ ကုသဖို့လိုပါသလား/လိုအပ်ရင်လဲညွှန်ပြပေးစေလိုပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ဆရာ

Red Moles မှဲ့နီ https://doctortintswe.blogspot.com/2014/12/red-moles.html

၁ဝ။ အသက် 62 မ နှလုံးအားနည်းရောဂါကို ခံစားနေရပါတယ် ဖြစ်နေတာက လေးလ လောက်ပဲ ရှိပါသေးတယ်ထိုင် နေရင် ဘာမှ မဖြစ်ပေမယ့် လမ်းနည်းနည်းလျှောက်လိုက်ရင် မောနေပါတယ်လှဲရင်လဲ ဗိုက်ထဲ ကလေလုံးကြီးတခုလို အပေါ်ထိ တက်လာပီး လည်ဝ ထိ ရောက်လာသလို ဖြစ်နေပါတယ်ဆီးချို မရှိပါဘူးတခါတရံ သွေး အနည်းငယ်တိုးတတ်ပါတယ်ဆရာဝန် ညွှန်ကြားချက်အရ ဆေးရုံငါးရက်တက်ခဲ့ပါတယ်နှလုံးခုန်နှုန်း ၄၀ ကနေ ၄၆ ထိ တိုးတက်လာတယ်ယခုလက်ရှိ တောင်ကြီးဆေးရုံကနေ မန်းလေးသို့ လွှဲပါတယ်ရှင့်မန်းလေးမှာ ပြန်စစ်ဆေးကုသတော့ နှလုံးစက် ထည့်ရမဲ့ အခြေနေ လို့ ပြောပါတယ်ဒါကြောင့် ဆရာရှင့် စက် မထည့်ပဲ တခြား နည်းလမ်းကောင်း နှင့် နေထိုင်နည်း များကို လမ်းညွှန် ဖြေကြားပေးစေလိုပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင့်

နှလုံးခုန်နှုန်း ၆ဝ အောက်သာရှိသူတွေ Pace maker ထည့်သင့်။
Heart rate နှလုံးခုန်နှုန်း https://doctortintswe.blogspot.com/2018/03/heart-rate.html
Pulse လက်ကောက်ဝတ် သွေးခုန်နှုန်း https://doctortintswe.blogspot.com/2014/12/pulse-deficit.html

၁၁။ မိန်းကလေးပါရှင့် အသက်၂၂နှစ်ပါ အပျိုပါရှင့် ရာသီလည်းပုံမှန်ပါတယ်ရှင့်။ ဗိုက်ထဲကတအားအောင့်တာမဟုတ်ပေမဲ့ စိတ်ကအမြဲရောက်နေတော့ အီလည်လည်ကြီးဖြစ်နေသလိုခံစားရပါတယ် နှစ်ပတ်လောက်ရှိပါပီ။ ဆီးဝမ်းလည်း မှန်ပါတယ်ရှင့်။ အဓိကက ချက်အထက်နားလောက်မှာ နှလုံးခုန်သလိုလိုသွေးကြောလိုလို တလှုပ်လှုပ်ခုန်နေလို့ ကြောက်နေပါတယ်ရှင့်။ ခွဲစိတ်ရမှာလည်း အရမ်းကြောက်ပါတယ်ရှင့်။ မနေ့က အာထွာဆောင်းရိုက်တာလည်း ဘာမှမဖြစ်ပါဘူးတဲ့ရှင့်။ normal ပါဘဲတဲ့။

စိုးရိမ်စရာ မရှိလောက်။

၁၂။ ဆရာတခုလောက်မေးပရစေ ခင်ဗျ ဆီးထဲ မှာသွေးပါ ပါတယ် လက္ခာဏာအနေနဲ့ နည်းနည်းတော့ အားယုတ်သလိုတော့ဖြစ်မိတယ်ကျန်တာက တော့သာမာန်လူလိုပါပဲ ခင်ဗျ ပြီးရင်အဲ့ဒါကပျောက်လိုက်ပေါလိုက် ဖြစ်တယ် သုတ်ထဲမှာလည်း သွေးလိုအရောင်တွေတခါတရံ ဆက်တိုက်ထွက်မိသလို တခါတလေ လုံးဝ ၃လ ၄လ ပျောက်သွားတယ် အဲ့လိုဖြစ်ပီဆို ဆီးထဲမှာသွေးပါပါ လာတယ် ခင်ဗျ တချက်လောက်ဘာမျာူဖြစ်နိုင်မလဲ ပြောပြပေးပါအုံဆရာ ကျွန်တော်ဆေးစစ်ကြည့်လိုက်တယ်ဘာမှဖြစ်ဘူး အဲ့လိုဘာကြောင့်ဖြစ်ရလဲဆရာအားရင်ဖြေပေးပါခင်ဗျ

မေးနည်းစည်းကမ်း ပို့လိုက်။

၁၃။ ဆရာရှင့် သွေးစစ်ဌာနကဆရာတယောက် hiv ပိုးရှိသူကိုသွေးစစ်ပေးဖို့သွေးထုတ်နေရင်း သူ့လက်ကိုအပ်စူးမိတယ်ကာကွယ်ဆေးလဲမသောက်ခဲ့ရဘူး ဒါပေမဲ့ မကူးစက်ခဲ့ဆရာ ဘာကြောင့်မကူးစက်နိုင်တာလဲ အသုံးပြုနေတုန်းချက်ချင်း စူးမိတာဆိုတော့ သိပါရစေ ဆရာကျန်းမာပါစေချမ်းသာပါစေရှင့်

ပိုးအရေအတွက် နည်းရင် မကူးစက်။ သံသယဖြစ်ရာနောက် ၃ လနေမှသာ စစ်လို့ရတယ်။

၁၄။ အသက် ၄၅ နှစ် (မ) အသက်ရှူ မဝ ရင်ခေါင်းအလည်တည့်တည့်က ဆို့နေ ခေါင်းထဲကမကိုက်မမူးဘဲ သွေးတိုးသလိုဖြစ် သွေးချိန်တော့ ပုံမှန် သတိမေ့ချင်သလိုဖြစ် ကိုယ်အလေးချိန် 70 kg သွေးမဆုံးသေး လစဉ်လာ နဲသွား အိမ်ထောင်ရှိ သမီး ၁ သား ၁ ရှိ မနှစ်က 4 လပိုင်းမှာ စိတ်ကျန်းမာရေး ဆရာဝန်ပြ ဆေးသောက်တာ ၃ လ စာပေး ၂ လ သောက်၍သက်သာတယ်ဆိုပြီး ဆက်မသောက်ပါ သေချာ နားမလည်လိုက်ပါ အစားမပျက် အအိပ် မပျက်ပါ ဓာတ်လှေးခါး ဆေးရုံ အမြင့် ၅ ထပ် ၆ထပ် တက်ရင် အရမ်းကြောက် အသက်ရှူ မရ အိမ်သာအပြင်က ဂျက်ထိုးမှာကြောက် အိမ် အပြင်က တခါးပိတ်သွားရင် နေလို့မရပါ

Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း https://doctortintswe.blogspot.com/2014/11/anxiety-disorders.html

တသုတ်တော့ပြီးပြီ။ ကော်ဖီကုန်အောင်သောက်တော့မယ်။ လာကြဦးမှာ။ ပို့စ်ထဲသုံးတာတွေကို စာရိုက်ပြင်ရတာ သတ်ပုံပြင်ရတာက အချိန်ပိုကြာတယ်။ အချိန်နည်းလို့ ပြင်စရာမကုန်သေးတာသိတယ်။ မြန်မာစာ ကျန်းမာစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး