Encyclopædia Britannica ဗြိတိသျှစွယ်စုံကျမ်း

ဆရာ ခင်ဗျား britanica encyclopedia အကြောင်းလေး နည်းနည်းသိချင်လို့ပါ။ သူကနှစ်စဉ် A ကနေ Z အထိ တအုပ်ချင်း ထွက်တာပါလား ဒါမှမဟုတ် A ကနေ Z အထိ အကုန်လုံးကို တအုပ်တည်း ထွက်တာပါလားခင်ဗျ။ ပြီးတော့ အတွဲလိုက် A ကနေ Z အထိ အကုန်ဈေးနှုန်းဆို ဘယ်နှဒေါ်လာဝန်းကျင်လောက်ရှိပါသလဲ ခင်ဗျာ။

Encyclopædia Britannica (British Encyclopaedia) ခေါ် ဗြိတိသျှစွယ်စုံကျမ်းဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာ ဖြစ်တယ်။ ကျမ်းပြုသူပေါင်း ၄ဝဝဝ ကျော်ကနေ ပြုစုထားတယ်။ နိုဗယ်လ်ဆုရသူပေါင်း ၁၁ဝ ပါဝင်တယ်။ အမေရိကန်သမတ ၅ ဦးလည်းပါတယ်။ ၂ဝ၁ဝ ခုနှစ်ထုတ် ၁၆ ကြိမ်မြောက်ဗာရှင်းမှာ ၃၂ တွဲရှိတယ်။ စာမျက်နှာစုစုပေါင်း ၃၁၆၄ဝ ရှိတယ်။

ဈေးနှုန်း
The Encyclopedia Britannica: A Dictionary of Arts, Sciences, Literature & Genera $1,989.95 + $19.99 Shipping
Encyclopaedia britannica 200th Anniversary Edition $1,000.00

ကျွန်တော် နယူးဒေလီမှာနေစဉ်က စာအုပ်ပြပွဲတခုမှာ အထူးဈေးနှုန်းနဲ့ရောင်းလို့ တစုံဝယ်နိုင်ခဲ့တယ်။ မှတ်မိသလောက် ရူးပီး ၃ သောင်းကျော်ပေးရတယ်။ ကျွန်တော် ယူအက်စ်အေကိုမပြောင်းရမီ မုံရွာမှာနေတဲ့ ညီဆီကို ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်။ ကူညီပို့ပေးသူတွေကို ကျေးဇူးတင်တယ်။

ဗြိတိသျှစွယ်စုံကျမ်းရော ရှိတ်စပီးယားစာတွေရောကို အကြိမ်ပေါင်းမြောက်များစွာ ထပ်ရိုက်ထုတ်ဝေပါတယ်။ မူရင်းစာတွေသတ်ပုံတွေကို ပြင်မထုတ်ပါ။ မြန်မာပြည်မှာသာ ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်တွေကလွဲရင် ရှိရှိသမျှ စာအုပ်တွေကို ပေါ်လစီသတ်ပုံတွေနဲ့ ပြင်ရေးထုတ်ဝေရောင်းစားနေကြတယ်။ ကျွန်တော်တော့ ရှက်စရာကောင်းတယ်လို့ ထင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး