Fainting (2) ရုတ်တရက် သိလက်လွတ်ဖြစ်ခြင်း

ကျွန်တော့အမည်က့။ အသက်က ၄၀။ ဇွန်လနဲ့ ဇူလိုင်လကုန်ပိုင်းမှာ မတ်တပ်ရပ်နေရင်း ရုတ်တရက်လဲကျခဲ့ပါတယ်။ မူမော်ခြင်းမဟုတ်ဘဲ ရုတ်တရက် လဲကျတာပါ။ ဘာဖြစ်တာလဲ။ ဘာ့ကြောင့်လဲ ဘယ်လိုဆေးတွေ သုံးရမလဲခင်ဗျာ။ သွေးတိုး ဆီးချိုသွေးချို မရှိပါခင်ဗျာ။ ကျွန်တော်က့ တယောက်ဖြစ်တဲ့အတွက် အစားအသောက်မမှန်တာ အိပ်ချိန်နည်းတာ ကွန်ပျူတာ ဖုန်း အသုံးပြုတာတော့ များပါတယ်ခင်ဗျာ။ ဆေးစာပါ တွဲ၍ပို့ပေးလိုက်ပါတယ်ခင်ဗျာ။

ရုတ်တရက် သိလက်လွတ်ဖြစ်ခြင်းကို ဆေးစာနဲ့ Syncope လို့ခေါ်တယ်။ Blackout လို့လည်းခေါ်တယ်။ ယာယီခဏတာ သတိလစ်သွားမယ်။ ဦးနှောက်က လုံလောက်တဲ့ အောက်စီဂျင် မရလို့ ဖြစ်တယ်။ အချိန်မကြာပါ။ ပြန်သတိလည်လာမယ်။ Seizure ခေါ် တက်တာနဲ့မတူပါ။

သတိလစ်လို့ လဲကျသွားမယ်။ လူ ၁ဝ ယောက်ဟာ တသက်မှာ အဲလိုဖြစ်ဖူးသူ ၄ ယောက်ရှိတယ်။ ၉၅% တို့ဟာ အသက် ၄ဝ အတိုင်မီဖြစ်တယ်။ အသက် ၄ဝ ကျော်မှ ပဌမဆုံးအကြိမ် အဲလိုဖြစ်သူမှာ အကြောင်းခံရှိနိုင်တယ်။ Neutrally mediated syncope (NMS) လို့ခေါ်တယ်။ အများဆုံးဖြစ်တဲ့ (NMS) ကို Vasovagal syncope လို့လည်းခေါ်တယ်။ Orthostatic hypotension ဆိုတာ သွေးဖိအားကျလို့ဖြစ်တာ။ ရုတ်ရက်ထလိုက်ချိန်မှာဖြစ်တယ်။

ငယ်ရွယ်သူတွေမှာလည်းဖြစ်တယ်။ အသက်နည်းနည်းကြီးသူတွေမှာ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆေးတွေရဲ့ ဘေးထွက် သက်ရောက်မှုလား စစ်ဆေးရမယ်။

အကြောင်းခံများ
ကြောက်စိတ်၊
အလွန်နာခြင်း၊ စိတ်လှုပ်ရှားမှုလွန်ကဲခြင်း၊
လေ့ကျင့်ခန်းများသွားခြင်း၊
တနေရာတည်းမှာ နေပူချိန် အကြာကြီးမတ်တပ်ရပ်နေရခြင်း
အဝတ်အစား တင်းကျပ်ခြင်း၊
သွေးကျဆေးကြောင့်ဖြစ်နိုင်တယ်။ နေမကောင်းချိန် ဥပမာ အန်တာ ဝမ်းပျက်တာ၊ အရည်ထုထည်နည်းတာ။
အာရုံကြောရောဂါတွေဖြစ်တဲ့ Parkinson's disease နဲ့ peripheral neuropathy မှာဖြစ်နိုင်တယ်။
အစာအများကြီးစားပြီးချိန်မှာလည်း ဖြစ်နိုင်တယ်။
Cardiac syncope ဆိုတာက နှလုံးရောဂါကြောင့်ဖြစ်တာ။
ဆီးချိုရှိနေသူ သကြားဓါတ်နည်းလွန်းသွားလို့ဖြစ်နိုင်တယ်။
စိုးရိမ်စိတ်လွန်ကဲလို့လည်းဖြစ်တယ်။
အသက်ရှူတဲ့လေထဲမှာ အောက်စီဂျင်နည်းလို့လည်းဖြစ်တယ်။
အသက်ရှူတာ အလွန်မြန်လို့လည်းဖြစ်တယ်။
အရက်နဲ့ မူးယစ်ဆေးလွန်လို့လည်းဖြစ်တယ်။
Strokes ဆထုပ် ခေါ် နှလုံးရောဂါ။

Dr. တင့်ဆွေ
၁၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး